Ep 3
@ Yeol house.....
Baek : ဟဲ့.. နက်ဖန် ငါ့ မွေးနေ့ နင်လာခဲ့နော်။ အိမ်ကို... ညဖက် ပါတီ ပုံစံ မျိုးလေး လုပ်မှာ.....
Yeol : ဟာ...ငါ မလာတော့ ဘူးလေဟာ...
ငါ နင့်ကို သီးသန့် မွေးနေ့ လက်ဆောင် ပေးမယ်လေ နော်..။ ငါ လူတွေ နဲ့ ရောရော ထွေးထွေးနေရတာ မကြိုက်ဖူး။...
Baek : ရပါဘူး။ ငါ့ မွေးနေ့ တိုင်း နင် အ့လို ရှောင်တယ်။ ဒီတခါ မရတော့ ဘူး။ နင် လာကို လာရမယ်။မဟုတ်ရင် ငါစိတ်ဆိုး မှာနော်။....
Yeol : အေးဟာ.. လာခဲ့မယ်။ လာရင် ပီးရော မှတ်လား.....
Baek : ဟီး..ဒါမှ တို့ ရဲ့ Yeol ကွ...
Yeol : အင်.. ငါက ဘာလို့ နင့်ရဲ့ Yeolဖြစ်ရမှာလဲ..
Baek : ဟီး.......
Yeol စိတ်ထဲက ပြုံးမိသည်။ အပြင်ပန်းသာ သူ ဘာမှ မဖြစ်သလို ဟန်ဆောင် နေပေမယ့် Baekစိတ်ဆိုးသွား မှာ သူ သေမလောက် ကြောက်ပါသည်။ အဲ့ဒါ ဘာလို့ လဲ တော့ သူဘာသူ လဲ မသိ။ အရင် မွေးနေ့ တွေ တုန်းက ရှောင်ခဲ့ ပေမဲ့ ခုတော့ သွားရတော့ မည်လေ။
ဘာ လက်ဆောင် ပေးရင် ကောင်းမလဲ နော်...သေချာ တာတော့ သူတို့ နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံ လေး ကိုတော့ သေချာလေး ထည့်ပေးရအုံးမည်လေ.....
♡♡I really Hate U ♡♡
@Baek house...
ညဘက် ပါတီ ပွဲလေး သဘောမို့ baek သူငယ်ချင်းလေး တွေနဲ့ စည်ကားနေလေသည်။ ခြံထဲ က မြက်ခင်း ပြင်မှာ ပဲ ပါတီ ပွဲ ကျင်းပ ဖြစ်သည်။အဝါနု ရောင် စားပွဲခင်းလေးတွေ နှင့် အလှဆင် ထား စားပွဲဝိုင်းလေး များ နှင့် ချစ်စရာ ကိတ်မုန့် လေး ရဲ့ ရှေ့မှာတော့ ရွှေရောင် မင်းသမီးလေး ကိတ်မုန့် လှီးနေလေသည်။ရွှေရောင် ဂါဝန် ကားကား လေးကို ခါးမှာ အနက်ရောင် ဖဲစည်း ကြိုး လေးနဲ့ စီးထားသော baek ဒီနေ့ အရမ်း လှနေပါသည်။
Yeol ကတော့ သူမ ကို အဝေး ကနေသာ လှမ်းကြည့်နေမိသည်။....
ကိတ်မုန့် လှီးပီးတော့ သူငယ်ချင်း များ အားလုံးကို ညစာ buffet ကျွေးသည်။ Baek လူကြားထဲ Yeol ကို ရှာမိတော့.....
![](https://img.wattpad.com/cover/28066850-288-k381816.jpg)