My heart is ill

5.4K 445 5
                                    


Ep 4

Baek : Omma!!!!!

Baek mom : သူငယ်ချင်း တွေ ပြန်သွားတာတောင် သမီး ဘာလို့ အထဲဝင် မလာသေးတာလဲ လို့ လာကြည့်တာ... ခုတော့.....

Baek : Omma.. အဲ့ဒါ ကလေ..

Baek mom : မကြားချင်ဘူး.. မိဘတ်.. ခုချက်ချင်း အိမ်ထဲ ဝင်!.....

Baek မျက်ရည် လေးတွေ ဝဲရင်း Omma ရှေ့ က ထွက်လာခဲ့သည်။ အခန်း ထဲ ရောက်တော့မှ ဖြစ်ပျက်ခဲ့ သမျှ တွေ ကို ပြန်တွေးကြည့် မိသည်။ သူမ မွေးနေ့ မှာ ငိုနေရတာ ဘာကြောင့်လဲ။ ဒါပေမဲ့ သူ့ ဆီက ရခဲ့ ရတဲ့ တစုံတခု ကြောင့် မွေးနေ့ လေး က ပြည့်စုံ ခဲ့ သလိုပါ.......

           ♡♡I really Hate U♡♡

Next morning~~~~

Baek ကျောင်းသွားဖို့ အောက်ထပ် ဆင်းလာတော့....

Baek mom : baek ဒီနေ့ က စပြီး အ့ကျောင်း တက်ဖို့ မလိုတော့ ဘူး။ ငါ တခြားကျောင်း စုံစမ်းထားတယ်။...အ့ မှာ ပြောင်းတက် ရမယ်။

Baek : Omma. Baek က ဘာလို့ ကျောင်းပြောင်း ရမှာလဲ။ ဒီတနှစ် ပီးရင် ပီးပီကို....

Baek mom : မသိလို့မေးတာလား။ ဟို ဘက်အိမ် က ကောင်လေး နဲ့ တူတူ တွဲရပ် မတွေ့ချင်လို့.....

Baek : Omma သမီးတို့ က ငယ်ငယ်လေး တည်းက ပေါင်းလာခဲ့ကြတာပဲ။ သူ့ လဲ မိကောင်း ဖခင် သားသမီးပါ။ သူ့ အဖိုးအဖွား တွေ နဲ့ လဲ ommaတို့ နဲ့ ရင်းနှီးနေတာ ပဲကို....

Baek mom : အေး.. အ့လို ဖြစ်လာမယ်မှန်း သိလို့ ငါ့ ညည်းအဖေ ကို အစောကြီး ထဲ ကပြောခဲ့တာ.. ကြီးလာရင် အခြေအနေ တွေ တမျိုးပြောင်း ကုန်မယ် လို့။ အ့တုန်း က ညည်းအဖေ က ကာဆီး ကာဆီး နဲ့ မို့ ..ခုတော့ ကောင်းပီ

ညည်း ကို ငါ ရှင်းရှင်းပဲ ပြောလိုက်မယ်။ တဇွတ်ထိုး ဂျစ်ကန်ကန် ကောင်လေး နဲ့ သူတို့ သမီး ကို သဘောတူ တဲ့ လူ ရှိလားလို့..။ ငါတော့ သဘော မတူနိုင်ဘူး။

ဒီနေ့ က စပီး အိမ်ပြင် မထွက်နဲ့။ ဖုန်းတွေ ပါ သိမ်းတယ်။

Baek appaကို စစ်ကူ ရမလား ကြည့်မိတော့ appa က ခေါင်းခါ ပြသည်။ ကယ်သူ မဲ့ နေသော အခြေအနေ မှာ Baek လုပ်နိုင်တာ တခု က....ငိုနေယုံ ပဲပေါ့လေ..

I Really Hate UDonde viven las historias. Descúbrelo ahora