"လန်ကျန့်.....???"
သူ့ခေါ်သံအဆုံး ထိုသူ၏ ခြေလှမ်းများ ရပ်တန့်လို့သွားရသည်။ ထို့နောက် တစ်ဖန် အပြေးလျှောက်သွားပြန်သည်။
သူနားမလည်နိုင်။ သူတို့နှစ်ယောက် အတူစားသောက်ပွဲတစ်ခု တက်ရန် ဤရိပ်သာသို့ ရောက်လာခဲ့ကြသည်လေ။ လန်ဂိုဏ်းတစ်ဂိုဏ်းလုံးက လူတွေက နောက်မှ လိုက်လာမည်ဆိုပေမဲ့ သူတို့က ရှုခင်းကြည့်ရင်း အရင်ထွက်လာနှင့်ကြသည်။ တည်းခိုရိပ်သာသို့ ရောက်မှ သူ အိပ်ပျော် သွားသည့်အခိုက် လန်ကျန့် ဘယ်ထွက်သွားသည်မသိ။ သူကိုယ်တိုင် အပြင်ထွက်ရှာသည့် အခိုက် လန်ဂိုဏ်းနဖူးစည်းနှင့် လူတစ်ယောက် သူ့ရှေ့က ဖြတ်သွားသည်ကို လန်ကျန့်လို့ သူထင်လိုက်မိတာပင်။
ဝတ်စုံကတော့ မတူ။ သို့သော်ကိစ္စမရှိ။ လန်ကျန့် ရောက်နေတာ ဖြစ်ရင်ဖြစ်၊ သို့မဟုတ်ရင် ဂိုဏ်းက ကလေးတွေ ရောက်နေတာပင် ဖြစ်လိမ့်မည်။
"လန်ကျန့်... လန်ကျန့်၊ ငါ့ကိုစောင့်ဦးလေ"
ထိုသူက နောက်ပြန်ပင် လှည့်မကြည့်ပဲ ကော်ရစ်ဒါအဆုံးရှိ အခန်းတစ်ခုထဲ ဝင်သွားတော့ မသိစိတ်ရဲ့ စေ့ဆော်မှုအရ သူတံခါးနားတိုးကပ်သွားမိသည်။ ထိုအခိုက်မှာပင် တံခါးပွင့်သွားပြီး အထဲက လက်တစ်စုံက သူ့အင်္ကျီစကို လှမ်းဆွဲလိုက်တော့ သူပါ အခန်းထဲ အဆွဲခံလိုက်ရတာပင်။
"လန်ကျန့်တော့မဟုတ်ဘူး၊ ငါပဲ"
" ဟင်၊ အရှင့်သား၊ ဒီမှာ ဒီနဖူးစည်းကြီး ဝတ်ပြီး ဘာလုပ်နေတာလဲ"
ဒီမင်းသားကို သူကြည့်မရတာ ကြာခဲ့ပြီ။ လန်ကျန့်နှင့် သူ လက်ထပ်ပြီး တစ်နှစ်ခန့်အကြာမှာ အလုပ်ကိစ္စတစ်ခုကြောင့် လန်ကျန့်နှင့်သူ ခရီးထွက်ရင်း နိုင်ငံတစ်ခုတွင် ထိုနိုင်ငံ၏ အိမ်ရှေ့စံ မင်းသားနှင့် တွေ့ခဲ့ကြသည်။ ထိုမင်းသားက ထိုအချိန်မှစကာ သူ့ကို သဘောကျသည် ဆိုပြီး လိုက်နေခဲ့တာ အချိန်တစ်ခုပင် ရှိပြီ ဖြစ်သည်။
"မင်းနောက်ကို တမင်လိုက်လာတာလေ၊ မင်းက ဒီနဖူးစည်းကို မြင်မှ ကိုယ်တော့်နောက် လိုက်လာမှာမို့လို့ ဝတ်လာတာ၊ ဘာဖြစ်လို့လဲ"
YOU ARE READING
As the story goes on ( Lan Wang Ji and Wei Wu Xian's after story)
FanfictionFan Fiction written in burmese အစပိုင်းမှာ ဝမ်းနည်းစရာ အများကြီးပါသလို နောက်ပိုင်းမှာလည်း ကလိကလိနဲ့ မျက်ရည်ကျရမယ့် ကိစ္စတွေ ပိစိပိစိထည့်ထားပါတယ် Depressionဝင်သွားတဲ့ ဝေ့ရင်းကို မြင်ရမှာ ဖြစ်တဲ့ အတွက် နားနားပြီး ဆဲရင်း ဖတ်ပေးကြပါ