(10)

117 9 0
                                    

အဖြူရောင် အရိပ်တစ်ခုက သူ့ရှေ့နား ရောက်လာသည်မို့ ထိုင်နေရာမှ မထ သူမော့ကြည့်လိုက်သည်။
အလွန်တရာ လှပလွန်းလှသည့် မျက်ဝန်းများ…. အရမ်းကို အေးစက်သယောင် ရှိပေမည့် သူ့အတွက် သီးသန့် နွေးထွေးလှသည့် မျက်ဝန်းများ… ထို့နောက် မသဲမကွဲ မြင်ရသည်က တိမ်လွှာပန်းထိုး ဝတ်ရုံလက်အနား…
“ဝေ့ရင်း….”
လက်ချောင်းရှည်သွယ်သွယ်များက သူ့မျက်နှာကို လာရောက်ထိခတ်လေသည်။
“ တကယ်ကိုပဲ… လန်ကျန့်၊ မင်းလား…”
မျက်ရည်များက တာကျိုးသကဲ့သို့ စီးကျလာသည်။ တကယ်ကိုပင် သူ ချစ်ရသည့် လန်ကျန့်ပါလား။ အိပ်မက် မဟုတ်ဘူး မို့လား။
ရုတ်တရက် သူ့မျက်နှာကို ထိတွေ့နေသည့် လက်ချောင်းများက နောက်ဆုတ်လို့ သွားရသည်။ ဘာအကြောင်း‌ေကြောင့်ပါနည်း။ ဘာကြောင့် သူချစ်သည့် သူက သူ့အနားမှ ထွက်ပြေးဖို့ တွေးနေရပါသည်နည်း။
“လန်ကျန့်၊ ဘာကြောင့်လဲ…..ငါ… ငါ့ကို မချစ်တော့ဘူးလား…ငါ ရွှေအမြုတေက အားနည်းလာလို့ မင်းနဲ့ အချိန်အကြာကြီး အတူရှိနေဖို့ မဖြစ်နိုင်တော့လို့လား…”
“ ဝေ့ရင်း..”
သူ့ကို ခေါ်လိုက်သည့် ထိုအသံက ဒေါသသံ စွက်လို့နေသည်။ သို့ပေမည့် သူလည်း စိတ်မထိန်းနိုင်။
“ ဒါမှမဟုတ်၊ ငါမင်းကို သစ္စာဖောက်တယ်လို့ မင်းထင်နေလို့လား၊ ငါ … ငါလေ မင်းကလွဲပြီး ဒီတစ်သက်လုံး ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပါဘူးကွာ… တကယ်ပါ… ငါ…”
သူ့ရင်ထဲတွင် အမှန်တကယ်ကို ဆို့နင့်ကျပ်တည်းလို့ လာရသည်။
“ မင်း ငါ့ကို မုန်းပြီး နောက်တစ်ယောက်ကို ပြောင်းချစ်လိုက်မယ်ဆိုရင်တောင် ငါ မင်းကို ချစ်နေမှာပါ… လန်ကျန့်.. ငါ… ငါ…..”
သူရုတ်တရက် စကားမဆက်နိုင်တော့ပေ… ရင်ထဲမှ နာလွန်းလှသည်။ တကယ်ကို …  တစ်စုံတစ်ရာက သူ့အသည်းနှလုံးကို ထုတ်ယူသွားတော့မတတ်ကို နာလွန်းလှသည်။
စိတ်ပူလျက် ရှိသော အသံတစ်သံ ထွက်ကျလို့လာလေသည်။
“ ဝေ့ရင်း….. ဝေ့ရင်း….ကိုယ့်ကို ထားမသွားပါနဲ့.. ဝေ့ရင်း”
သူ လဲကျလို့သွားသည်။ နားထဲတွင်လည်း အသံပေါင်းစုံက ဆူညံလို့ နေသည်။ အရာအားလုံးက သူ့ရှေ့မှ ပျောက်ကွယ်လို့ သွားသည်။ သို့ရာတွင် ကိုယ့်ကိုကိုယ်တောင် မထူမတ်နိုင်သည့် မိမိက ဘာကိုများ ဆွဲကိုင်ထားနိုင်မည်နည်း။
“ ဝေ့ရင်း… ဝေ့ရင်း…”
“ ကျန်းရင်း…..ဟဲ့ … ထ ထ.. ကျန်းရင်း၊ နင် ဆက်အိပ်လို့ မဖြစ်ဘူး”
ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရမှ သူ မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။ ရင်ထဲက အရမ်းနာနေတာ မို့လို့ သူရုတ်တရက် မထနိုင်။
အားမြောင်ကပင် သူ့ကို ဆွဲထူလိုက်ရသည်။
“ အိပ်မက်ဆိုး မက်တာလား၊ ကျန်းရင်း။ နင် ပွဲသွားဖို့ တကယ် အဆင်ပြေပါ့မလား”
မျက်ရည်စများကို အားမြောင်က သုတ်ပေးရင်း ပြောလိုက်သည်။
“ ကျွန်တော် အဆင်ပြေပါတယ်၊ အားမြောင်။ အိပ်မက်ဆိုး မက်တာတော့ မဟုတ်ပါဘူး”
တကယ်ကိုပင် လန်ကျန့်ကို မြင်တွေ့ခွင့် ရသည့် ဤအိပ်မက်လေးကို ဘယ်လိုများ အိပ်မက်ဆိုးဟု ပြောနိုင်ပါမည်နည်း။
“ ကဲ… ထထ၊ ဆေးလေးသောက်ပြီး ပွဲဆီသွားရအောင်။ ငါ ဝတ်ရုံကူဝတ်ပေးမယ်”
အားမြောင်က သူ့ အဝတ်အစားများကို ကူညီဝတ်ဆင်ပေးကာ အခန်းထဲမှ တွဲခေါ်လာသည်။ အခန်းပြင်ရောက်မှပင် ဟင်းနံ့တွေက သင်းပျံ့ပျံ့… သူ့ကို ယွင်မုန့်မှာ နေခဲ့ရသည့် အချိန်များကိုပင် သတိရသွားစေသည်။ မူမမှန်သည်က အားမြောင်…. သူ နေမကောင်းတာ သိရက်နှင့်ပင် သူ့ကို အတင်း လဲကျတော့မတတ် ဆွဲခေါ်နေသည်မို့
“ ဒီနေ့ အားမြောင် ကျွန်တော့်ကို အရမ်းဂရုစိုက်နေပါလား၊ ဘာလဲ ၊ ဧည့်သည်တွေ ချက်တဲ့ဟင်းထဲမှာ အားမြောင်ကြိုက်တာပါလို့လား။ ကျွန်တော့်ပန်းကန်ထဲက ယူစားရင်လည်း ရပါတယ်”
“တယ်လေ…. နင်ဆိုသည်မှာ”
ပြောရင်းဆိုရင်း တရွတ်တိုက်ပါလာရင်းနှင့်ပင် ခန်းမဆောင်နား ရောက်လာကြသည်။
“ အားမြောင် စားလည်းစားချင်စရာပဲ၊ ဟင်းနံ့က မွှေးနေလိုက်တာမှ ကျွန်တော် ငယ်ငယ်တုန်းက စားခဲ့ရသလိုမျိုး……..ဟင်… ကျန်းချန်!”
ခန်းမဆောင် အပေါက်ဝတွင် ဇစ်တျန့်မှ ဖြာထွက်နေသည့် အလင်းတန်းတို့၏ သခင်၊ ယွင်မုန့်ကျန်းဂိုဏ်းချုပ်၊ ကျန်းဝမ်ရင်က ခါးထောက်ကာ မတ်တပ်ရပ်လို့နေသည်။
“ မင်း!... မသာကောင် ဝေ့ဝူရှန့်… ငါဘယ်လောက် လိုက်ရှာခဲ့ရတယ် ထင်လဲ.. ဟမ်”
သူ မျက်လုံးများပင် ပြာဝေလို့ သွားရသည်။ ကျန်းချန်လား… တကယ်ကြီး ကျန်းချန်လား… သူပဲ အိပ်မက်ထဲက မနိုးသေးတာလား။
ကျန်းချန်က သူ့အနားပြေးလို့လာသည်။ အားမြောင်က သူ့လက်ကို လွှတ်ပေးလိုက်တာမို့ သူလဲကျသွားချိန်တွင် ကျန်းချန်က အမီ ပြေးထိန်းလိုက်သည်။
“ မင်း ဒါဘယ်လိုဖြစ်တာလဲ… နတ်ဆေးဆရာမ .. သူနေကောင်းရဲ့လား… သေမှာလား”
“ အားမြောင်… ဒါက ဘယ်လို ဖြစ်တာလဲ… ဧည့်သည်တွေဆိုတာ ကျန်းချန်တို့လား”
အားမြောင်ခမျာ သူ့ဘက်ကို မြားဦးလှည့်လာပြီဟု ခံစားရသည်နှင့် တပြိုင်နက် ခန်းမဆောင်ဘက်သို့ ထွက်ပြေးသွားသည်။ တစ်ချိုးတည်းကိုမှ တကယ်ကို တစ်ချိုးတည်းပင်။
“……..”

As the story goes on ( Lan Wang Ji and Wei Wu Xian's after story)Where stories live. Discover now