2

2K 223 2
                                    

Jeonအိမ်တော်ကဧည့်သည်တွေလာတာမို့Yoongiကိုတွေ့ဖို့မိခင်ဖြစ်သူကခေါ်လိုက်သည်။ဆင်းတော့ဆင်းလာပါရဲ့.....ဘောင်းဘီတို.....အကျီလက်တိုနှင့်....

"သား.....အကျီသွားဝတ်"

မိခင်ဖြစ်သူခိုင်းနေပေမယ့်Yoongiကပေကပ်ကပ်ပင်.....

"Kookie....."

Jkကိုစနှုတ်ဆက်လိုက်တာကြောင့်jkကခေါင်းညိမ့်ပြကာ.....

"အင်း...မတွေ့တာကြာပြီနော်အGi.....အိပ်ပုတ်ကြီးတုန်းပဲ....Hyungက စေ့စပ်ပွဲလာဖိတ်တာ....အGiလာရမယ်နော်"

Yoongiခေါင်းလေးသာငြိမ့်ပြလိုက်သည်။Jkလည်းကျေနပ်သလိုပြုံးကာYoongiခါင်းလေးကိုပုတ်လိုက်သည်။

"မင်းညီကတော့သိတဲ့အတိုင်းပဲ.....ဆိုးတာအရမ်း"

Yoongiအမေကပြောတော့Jkကရီကာ....

"ဟုတ်လားYoongi.....အသက်20ပဲရောက်တော့မယ်"

နှုတ်ခမ်းလေးဆူကာJkကိုမကျေနပ်သလိုကြည့်နေတဲ့ကလေး......

"Kookieကရော....ဘယ်သူနဲ့လက်ထပ်မှာလဲ..သားနဲ့လက်ထပ်မှာဆို"

Yoongiဆူပုတ်ပုတ်ပြောတော့Jkကဟက်ခနဲရယ်ကာ....

"ဟက်.....လူဆိုးလေး....Yoongiကငယ်သေးလို့မယူတာပါ....Yoongiသာအသက်လေးနည်းနည်းပိုကြီးရင်ဒီကလေးလေးကိုပဲယူမှာပါှာ....ပြီးတော့အခုစေ့စပ်တဲ့သူကလည်း....တော်ဝင်မင်းသားတစ်ယောက်လေ....ငြင်းလို့လည်းမကောင်းဘူးလေ.....ဒါကြောင့်ပါ"

"ဟွန့်....အဲ့မင်းသားကိုလက်သီးနဲ့ထိုးပစ်မယ်"

"ထိုးပါဗျာ.....ထိုးပါ....အဲ့နေ့ကျစေ့စပ်ပွဲလာနော်"

Jkလည်းထပ်မှာလိုက်သည်။Yoongiလည်းခေါင်းငြိမ့်ပြကာ....

"ဟီး...လာရမှာပေါ့"

➖➖➖➖➖➖➖➖➖➖➖➖➖➖

စေ့စပ်ပွဲကမအတော်ခမ်းနားလှသည်။လူတန်းစားမရွေးလာရောက်နေကြသည်။လာသမျှလူတိုင်းကလည်းစျေးကြီးပါပေ့ဆိုတဲ့အရာတွေသာဆင်မြန်းလာသည်။ညဘက်ကြီးကျင်းပတာမို့.....တစ်တိုင်းပြည်လူုးမှာထိုနေရာကပွဲစျေးတစ်ခုလိုလင်းထိန်နေသည်။ပွဲခင်းကြီးရဲ့အလယ်မှာတော်ဝင်မိသားစုတွေကဖျော်ဖြေပွဲတွေ.....လက်ဆောင်တွေလက်ခံနေသလို....
ပွဲလာတဲ့လူကြီးလူကောင်းတွေကလည်းစကားစမြည်လာပြောကြသည်။

An UNDERWEAR (Complete)Where stories live. Discover now