11

1.6K 191 4
                                    

"Yoongi....ခဏရပ်ဦး"

Taeနောက်ကအတင်းပြေးလိုက်သွားကာဆက်မသွားဖို့လည်းထပ်မံသတိပေးနေလိုက်သည်။

"Yoongi....ရပ်ပါဦး"

Taeထပ်မံ၍အပြေးလေးလိုက်သွားရင်းပြေးသွားနေတဲ့Yoongiလက်ကိုလှမ်းဆွဲလိုက်သည်။

"ဖယ်...အဟင့်"

ငိုနေတဲ့အကောင်ပေါက်စိတ်သက်သာစေဖို့ရင်ခွင်ထဲထည့်ထားလိုက်မိသည်။

"ခင်ဗျားကိုဖယ်လို့ပြောတယ်မလား....ဖယ်"

ထပ်မံ၍ရုန်းကန်လာတဲ့ကောင်လေးအားပွေ့ချီလိုက်ကာ

"ကိုယ်မှားပါတယ်။ပြီးတော့တောင်းပန်ပါတယ်"

Taeပြောရင်းပွေ့ချီလာလိုက်တော့ငြိမ်သက်ကာသူလည်တိုင်ကိုတွယ်ဖက်ထားတဲ့ကောင်လေး

"အခုဘယ်သွားမလဲ"

"အိမ်မပြန်ဖူးလား"

Yoongiကားမောင်းခါနီးပေါက်ကရမေးနေတဲ့Taeအားခေါင်းလေးငဲ့စောင်းကာပြောမိတော့Taeကဟက်ခနဲထရယ်သည်။

"ဘာရီတာလဲ"

"ကိုယ်တစ်ခုစဥ်းစားမိလို့ပါ"

"ဘာကိုလဲ....."

Yoongiသူ့ဆီကအဖြေကိုစောင့်နေမိပေမယ့်Taeကမထွက်ပဲကားကိုတရစပ်မောင်းထွက်သွားသည်။

"ဘာလဲလို့"

"ဘာမှမဟုတ်ဘူး.....ပြောဖို့စောနေလို့"

"ခင်ဗျားကအတော်မှန်းရခက်တယ်....ဘာဖြစ်မှန်းကိုမသိဘူး"

"ကိုယ်မင်းကိုလိမ်တာရှိတယ်ဆိုစိတ်ဆိုးမှာလား"

"မဆိုးဘူး.....မုသားမပါရင်ဘယ်စကားလုံးကကြားကောင်းပါ့မလဲ....မလိမ်တဲ့သူဆိုတာဒီကမ္ဘာမှာမရှိပါဘူး"

Yoongiပြောရင်းငြိမ်သက်သွားပုံကလူကြီးလေးတစ်ယောက်လို

"Yoongi....မင်းအတွင်းခံကိုဘာလို့Jkအိမ်ကျန်ခဲ့တာလဲ"

"အော်...အဲ့တာလား...."

"အင်း"

Taeကတိပေးပြီးဘာပြောမလဲနားထောင်နေမိသည်။ကားကိုညာဘက်ကသို့ချိုးကွေ့လိုက်ကာအာရုံစိုက်နေလိုက်သည်။ညမိုးချုပ်နေပြီမို့မှောင်မှဲနေသည်။ကားမီးသာအားကိုးရင်းဆက်သွားနေလိုက်သည်။

An UNDERWEAR (Complete)Where stories live. Discover now