Unicode
ဒီနေ့တော့ Na Jaemin တစ်ယောက် စနေနေ့ ကျောင်းပိတ်ရက်မို့ Appa company သွားလည်ရန်စိတ်ကူးမိသည်။ မနေ့ကလဲ Appa ကညမိုးချုပ်မှ ခရီးကပြန်လာပြီး မနက်ကျတော့ Company တန်းသွားတာမို့ Jaemin နဲ့မတွေ့ရသေးပေ။စဉ်းစားကြည့်မှ သူ Appa company ကို သေချာမရောက်ဖူးပါ။ ပြီးတော့ Jeno ကိုလဲတွေ့ချင်သည်။ မနေ့က သူငိုပြီး အိပ်ပျော်သွားတာမို့ မနက်မှနိုးသည်။ Jeno ဘယ်အချိန်ပြန်သွားလဲ သူမသိလိုက်။
ဒါကြောင့် လမ်းမှာ coffee နဲ့ cake အချို့ဝင်ဝယ်ပြီး company ထဲကို ခပ်တည်တည်ဝင်သွားလိုက်သည်။ သူဝင်သွားတော့ ဘယ်သူမှ ဂရုမစိုက်ကြ။ CEO Na မှာ သားတစ်ယောက်ရှိသည်ကို ကြားသာကြားဖူးပြီး မမြင်ဖူးကြသော ဝန်ထမ်းအချို့ကတော့ Jaemin ကို သတိမထားမိကြ။ ထို့ကြောင့် Jaemin reception သို့သာသွားလိုက်သည်။
Jaemin - CEO Na နဲ့ တွေ့ချင်လို့ပါ
Girl - Appointment ကြိုယူထားလားရှင့်
Jaemin - Appa ကို Na Jaemin လာတယ်လို့ပြောလိုက်ပါ
Girl - အာ စိတ်မရှိပါနဲ့ CEO သားမှန်းမသိလို့ပါ
Jaemin - ရပါတယ် ဒါနဲ့ တစ်ယောက်လောက်လိုက်ပို့ပေးလို့ ရမလား
Girl - အာ ရပါတယ် ကျွန်မနောက်လိုက်ခဲ့ပါ
Jaemin - ဟုတ်ကဲ့
Jaemin ဓါတ်လှေကားနဲ့ CEO ရုံးခန်းကိုသာတက်လာခဲ့သည်။
Girl - CEO အခန်းက ဒီအခန်းပါရှင့် CEO ဒီအခန်းမှာရှိပါတယ်
Jaemin - ဟုတ်ကဲ့ပါ ကျေးဇူးပါဗျ
ဒေါက် ဒေါက် ဒေါက်
Mr Na - ဝင်ခဲ့ပါ
Jaemin - CEO Na နဲ့ အရေးကြီး ဆွေးနွေးစရာရှိလို့ပါဗျ
Appa - Nana!
Jaemin - ဟီး
Appa - ဘယ်လိုလုပ်ရောက်လာတာလဲ
Jaemin - အိမ်မှာပျင်းလို့လာလည်တာ Appa လာထိုင် Appa အတွက် မုန့်နဲ့ ကော်ဖီ ဝယ်လာတယ်
Appa - ဟုတ်ပါပြီ
Jaemin - Appa ကလဲ ဒီနေ့တစ်ရက်တော့ နားတာမဟုတ်ဘူး ညကမှပြန်ရောက်တာကို
Appa - ဒီနေ့ အစည်းအဝေးရှိလို့ပါ သားရယ်
Jaemin - ဪ
YOU ARE READING
NaNa ရဲ့ Uncle Jen /NaNa ရဲ႕ Uncle Jen