Ep 3

436 39 17
                                    

Unicode

Jaemin - ဦး Jen

Jeno - ဟင်

Jaemin - ဟို...

Jeno - ဘာပြောချင်တာလဲ ပြောလေ Nana

Jaemin - Nana မနက်ဖြန်အပြင်သွားမလို့ ဦး Jen လိုက်ခဲ့လို့ရမလားဟင်

Jeno - ဘယ်ကိုလဲ ?

Jaemin - Mall ကို ဝယ်စရာလေးတွေရှိလို့

Jeno - အင်း လိုက်ခဲ့ပေးမယ်လေ တစ်ယောက်တည်းမလား

Jaemin - Yayy ဟုတ်တယ် Nana တစ်ယောက်တည်းဖြစ်‌နေလို့၊ ဦး Jen က ချစ်ဖို့ကောင်းလိုက်တာ

'ဦး Jen က ချစ်ဖို့ကောင်းလိုက်တာ'

ဒုတ် ဒုတ်

ထိုကောင်လေးရဲ့ ပြောစကားကြောင့် Jeno ရဲ့ငြိမ်သက်နေတဲ့ နှလုံးသားဟာ လှုပ်ခတ်သွားခဲ့တယ်

Jeno's pov - ကျစ် ငါဘာဖြစ်နေတာလဲ

Jeno - တော်ပြီ Nana စာ ပြန်လုပ်ရအောင်

Jeno တစ်ယောက် စကားလမ်းကြောင်းမြန်မြန်လွှဲလိုက်သည်။ မဟုတ်ရင် သူ့ရင်ဘတ်ကြီးပေါက်ထွက်တော့မလားတောင် အောက်မေ့ရသည်။

Jeno' s - ငါအစာမစားထားလို့လားမသိဘူး ရင်တုန်လိုက်တာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Renjun - အဲ့ဒါ ရင်ခုန်တာ ငပေါရဲ့

Jeno - ဟမ် ရင်ခုန်တယ် !

Renjun - ဟဟ ငါတို့ လူပျိုသိုးကြီး Jeno တောင်ရင်ခုန်တတ်နေပြီပေါ့

Jeno - ကျစ် မဖြစ်နိုင်ပါဘူးကွာ ယောင်္ကျားလေး အချင်းချင်း

Renjun - ယောင်္ကျားလေးအချင်းချင်း ရင်မခုန်ရဘူးလို့ ဘယ်သူပြောလို့လဲ

Jeno - ဟာ ဒါပေမဲ့ ဒါက မဖြစ်သင့်တာကြီးလေ ပြီးတော့ ငါကအကြီး ငါက ဆင်ခြင်ရမှာပေါ့

Renjun - ကျစ် မင်းနဲ့တော့ ခက်ပြီ အဲ့မှာ လူလိမ္မာလုပ်နေ နောက်မှ ရင်ကွဲပြီး ကျန်ခဲ့မယ်

Jeno - ငါ မိန်းကလေး တစ်ယောက်နဲ့ တွဲကြည့်ရမလား

Renjun - Lee Jeno မင်းသူများကို လိမ်ချင် လိမ်လို့ရမယ် ကိုယ့်ကိုကိုယ်တော့ လိမ်လို့မရဘူးနော်

Jeno - မသိတော့ဘူးကွာ မနက်ဖြန် သူနဲ့အပြင်သွားလို့ အဲ့လိုထက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ

NaNa ရဲ့ Uncle Jen /NaNa ရဲ႕ Uncle JenWhere stories live. Discover now