နွေဦး

14 0 0
                                    

လမ်းခွဲ ဒိုင်ယာရီ.... ဒါမှမဟုတ် မင်းနဲ့ ကိုယ့်အကြောင်း အချို့

သည်နွေဦးက ထင်ထားတာထက် ပိုပြီး ပင်ပန်းရတဲ့ နွေဦးပါပဲ..... ပိတောက်တွေကို မျှော်လင့်နေရင်း ပေတရာမှာ သွေးတွေ စွန်းခဲ့ရသလို ကိုယ်ဟာလည်း အသည်းတွေ ကွဲခဲ့ရပါတယ်..... 

အရာရာက စီစဉ်ထားသလို ဖြစ်မနေခဲ့ပါဘူး မတ်လ ၂၀၂၀ ကတည်းက ကိုဗစ် ၁၉ ကြောင့် အိမ်ကနေပဲ အလုပ်လုပ်နေခဲ့ရတဲ့ ဖွံ့ဖြိုးရေးဝန်ထမ်း ကိုယ်ဟာ ဇန်နဝါရီ ၂၀၂၁ မှာတော့ ကာကွယ်ဆေးတွေရပြီး အလုပ်တွေ အရင်လို ပြန်လည်ပတ်နိုင်မယ် အရင်လို သွားသွားလာလာ ပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်မယ် လို့ မျှော်ရင်းပျော်နေခဲ့တာ ကိုယ်အလွန်တော့ မဟုတ်လောက်ပါဘူး 

ဒီနွေဦးမှာ ဥသြသံတွေပဲ သာသာယာယာရှိခွင့်ရခဲ့မယ်ဆိုရင် 

ကိုယ်ဟာအလုပ်တွေ လုပ်ရင်း အလုပ်တွေရှုပ်နေပါလိမ့်မယ် အမှားတွေလည်း လုပ်ရင် လုပ်မိနေလိမ့်မယ် ပင်ပန်းတဲ့နေ့တွေ ရှိမှာ သေချာပေမယ့် မနက်ဖြန်အတွက် အစီအစဉ်တွေချရရင်း အားအင်တွေ ပြည့်နေမှာပေါ့ 

တက်နေလက်စဘွဲ့တစ်ခုကို အွန်လိုင်းကနေမဟုတ်ဘဲ စာသင်ခန်းထဲမှာ လေ့လာရင်း သူငယ်ချင်း အသစ်တွေနဲ့လည်း တွေ့ခွင့်ရမှာပေါ့ ပြီးတော့ မိုးမကျခင်မှာ ကိုယ်လိုချင်ခဲ့တဲ့ မာစတာဘွဲ့ကို ရနိုင်မှာပေါ့လေ

ဒီဇင်ဘာ အားလပ်ရက်တွေမှာ ကိုယ်သွားနေကျ The Log ကို ရောက်နေပြီး ရသစာအုပ်တွေ ဖတ်ရင်း ကဗျာတွေရေးနေပါလိမ့်မယ် 

ခက်ခဲနေခဲ့တဲ့ အချိန်ကာလတစ်ခုဖြစ်ပေမယ့် ကျေနပ်စရာ ဆက်နွယ်မှုတစ်ခုကို ကိုယ်ရခဲ့ပါသေးတယ်

Unendurable (နာကျင်ရတဲ့ မှတ်တမ်း)Место, где живут истории. Откройте их для себя