ရန့်ရှီနန်းဆောင်ပုံပြင် 1

124 4 0
                                    

ကြီးမားလှတဲ့ ကျီကျင့် ( တားမြစ်) နန်းတော်ကြီးမှာ
လေးဘက်လုံးဟာ နံရံအနီရောင်တွေနဲ့ကာရံလျက်ရှိပါတယ်

"ဒါက ကျီကျင့် နန်းတော် ကောင်းကင်ဘုံအောက်မှာ အမြင့်မြတ်ဆုံးနေရာ မျက်စိပါတိုင်း ကြည့်လို့ရတာမဟုတ်ဘူး မြန်မြန်လျှောက်ကြစမ်း" ကူးကူး ( အထိန်းတော်) တစ်ယောက် မာန်ပါပါနဲ့ အပြာရောင်ဆင်တူဝတ်ထားပြီး တန်းစီလမ်းလျှောက်နေတဲ့မိန်းကလေး တစ်အုပ်စုကိုအော်ငေါက်လိုက်တယ်
----
"ဝူးရာ ကျဲကျဲ (မမ) နင့်ရဲ့ အကျီလေးသိပ်လှတာ"
ဝူးရာ သခင်မလေးသည် သဘောကျဟန်ဖြင့် ကိုယ်ကိုတစ်ပတ်ပတ်ပြသည်
"ကျဲကျဲ နင်ရဲ့ ဆံထိုးလေးကလဲသိပ်ကြည့်လို့ကောင်းတယ်"
နောက်တစ်ယောက်ကထပ်ပြောတော့ သခင်မလေးသည် အလွန်ကျေနပ်ဟန်ဖြင့် ခေါင်းလေးကို လက်ကလေးနဲ့ မခို့တရို့ထိလိုက်ပြန်ပြီ

----
အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုတစ်စုသည် နန်းတွင်းထဲတွင် အချုပ်အလုပ် ဌာနတွင် တာဝန်ထမ်းဆောင်ရန်ဖြစ်သည် ကိုယ်စီ ရေပုံးတစ်ပုံးဆွဲကြသည်
" အဲ့သခင်မလေးတွေက ဘယ်သူလဲ သိပ်လှလိုက်တာ"
"အဲ့ဒီ သခင်မလေးတွေက ဘုရင့်တော်ကောက်ပွဲအတွက် နောက်ဆုံးဆံကာတင်ရွေးချယ်ခံထားရတဲ့ မျိုးရိုးမြင့်သခင်မလေးတွေဘဲ"
"ကျင်ရှို့ ရေ ငါလဲ ဒီသခင်မလေးတွေလို အကျီလှလှလေးတွေ ဝတ်ရရင် သူတို့လိုဘဲလှမယ်ထင်တယ်နော်"
"သူတို့အားလုံးကမျိုးရိုးမြင့် အိမ်တော်ကသူတွေဘဲ မျိုးရိုးမြင့်တော့ နန်းတွင်းထဲဝင်တာနဲ့တန်းပြီး ကိုယ်လုပ်တော်တွေဖြစ်ကုန်ကြတာဘဲ... ငါတို့ကတော့ အချုပ်အလုပ်ကျွမ်းကျင်ပြီး ရင်တောင်အရှင်မင်းကြီးနား ခစားခွင့်ရမှာမဟုတ်ဘူး ... နေ့ခင်းအိမ်မက်တွေမက်မနေပါနဲ့ကျီရှန်ရေ" ဟုပြောလဲပြော ကျင်ရှို့တစ်ယောက်ကျီရှန်ကို ကိုယ်ဖြင့်တိုက်ချလိုက်ရာ ကျီရှန်တစ်ယောက် လှပသောဝူးရာသခင်မလေးရှေ့တွေ မှောက်ရက်လဲသွားလေပြီ
"ဖြန်း..."
ကျီရှန်တစ်ယောက် မှောက်ရက်လဲရင်းသယ်လာသောရေဘုံးထဲကရေတွေလဲ ဝူးရာသခင်မလေးအကျီပေါ်စိုကုန် ပြီလေ

အသံမှာ ဝူးရာသခင်မလေးက ကျီရှန်ပါးကိုရိုက်လိုက်သောအသံပင်
"သခင်မလေး သခင်မလေး ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ"
ဝူးရာမသည် လှပသလောက် မျိုးရိုးမြင့်သလောက် အလွန်ပင်ကြမ်းတမ်းသည်
"အား..."
ရှိခိုးတောင်းပန်နေသောကျီရှန် ခေါင်းအမော့တွင် ရင်ဝကိုကန်လိုက်လေပြီ
"သခင်မလေးတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါခွင့်လွှတ်ပေးပါ"
"ငါ့အကျီက ကျန်းနန်ကနေ တကူးတကဝယ်လာတာ ဒီပွဲတော်အတွက်အထူး ချုပ်လုပ်ထားတာဘဲ အခုတော့မင်းကြောင့်ဘဲညစ်ပတ်ကုန်ပြီ ဒီပုံစံနဲ့မင်းကြီးကိုဘယ်လိုသွားတော့ရမလဲ"
"သခင်မလေး ချမ်းသာပေးပါ နူးချိုင်( အစေခံ) က ပြန်သန့်ရှင်းအောင်သုတ်ပေးပါ့မယ်"
"သန့်ရှင်းအောင်လုပ်ပေးမယ် ဟုတ်လားဘယ်လိုလဲ"
အခြေအနေဆိုးများကြားတွင်ကူးကူးလဲတာဝန်ရှိသူအနေနဲ့ဝင်ပါရလေပြီ
"ဝူးရာသခင်မလေးကို ဂါဝရပြုပါတယ် သခင်မလေးရယ် ဒီကောင်မလေးတွေက တောကနေအလုပ်လုပ်ဖို့ခေါ်လာတာပါ ဝက်လိုဘဲနုံအပါတယ် ဆူဆူဆဲဆဲ ရိုက်ရိုက်ကြိုက်တာလုပ်ပါ ဒါပေမယ့် သခင်မလေး သခင်မလေးရဲ့ကျန်းမာရေးကိုတော့ဂရုစိုက်တဲ့အနေနဲ့စိတ်လျော့တော်မူပါ"

ရန့်ရှီနန်းဆောင်ပုံပြင်Onde histórias criam vida. Descubra agora