Final Extra

3.5K 212 61
                                    

(Unicode)

အမြဲအဝေးကိုကြည့်ရင်း ငေးငိုင်နေတဲ့ ကောင်မလေး။

နိုင် သူမကို သတိထားမိနေတာကြာပြီ။ အရင်တုန်းက တစ်ခါမှမမြင်ဖူးတဲ့ ဒီကောင်မလေး... (၉)တန်းနှစ်မှာ စတွေ့ရပေမယ့် ဒီကောင်မလေးက တစ်ခုခုထူးခြားနေသလို

တစ်ခြားသူတွေ မမြင်နိုင်တဲ့ သူမရဲ့မျက်ဝန်းတွေက အထီးကျန်မျက်ရည်စတွေနဲ့ ပြည့်နေတာကို နိုင်တစ်ယောက် သတိထားမိနေသည်။

'သူမ' ဘယ်သူလဲ ??

တစ်ဖြည်းဖြည်း သူကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ သူမကို အမြဲကြည့်နေမိသည်။ သူမ ကျောင်းမလာရင် တစ်ခုခုလိုအပ်နေသလို.....

စာသင်တိုင်းလည်း သူမကို ကြည့်နေရတာ အကျင့်တစ်ခုလိုဖြစ်နေပြီ။

သူမက ချစ်စရာကောင်းသည်။ အမြဲအဖြူအစိမ်း၊ မျက်မှန်လေးနဲ့ ထမင်းချိုင့်လေးဆွဲပြီး ဆရာမပေါက်စလေးလိုပင်။

သူမအကြောင်းတွေ စုံစမ်းကြည့်တော့ သူမနာမည်က ' မြူနှင်းသခင်'တဲ့။ လှလိုက်တဲ့ နာမည်လေး......

ခက်တာက သူမကို ဘယ်လိုစပြီးတော့ ချည်းကပ်ရမှန်းမသိ။ မြူနှင်းမှာက သူငယ်ချင်းများများစားစားမရှိ။ သူမနဲ့အတူအမြဲတွေ့ရသည်မှာ ယွန်းယွန်းဆိုသည့် သူငယ်ချင်းတစ်ယောက်တည်းပင်....

"ဟိတ်ကောင်....မင်းနဲ့ မြူနှင်းနဲ့က (၈)တန်းတုန်းက တစ်ခန်းထဲဆို..."

"အင်း..."

"ငါ့ကို မိတ်ဆက်ပေး "

"အေးပါကွာ ဒါပေမယ့် သူက ယောကျာ်းလေးတွေနဲ့ သိပ်မရောဘူးနော်"

" ရတယ်...မင်းက မိတ်ပဲဆက်ပေး ဟုပြီလား "

ဟိန်းထက်အောင် မဲ့ပြုံးပြုံးလိုက်ပြီး

"ရောဂါကတော့ ကုမရတော့ဘူးထင်တယ် "

နိုင် သူ့စကားကို ကြားတော့ ပြုံးလိုက်မိသည်။

(ဟုတ်တယ်...ဒီကောင်မလေးကြောင့် ရူးနေပြီ)


...............

မိုးတွေလေတွေ လာနေပြီ။ အတန်းပိုင်ဆရာမက အားလုံးကို အိမ်ပြန်ခိုင်းပေမယ့် သူမကတော့ ဘာမှမပြင်ပဲ ထိုင်နေတယ်။

You've reached the end of published parts.

⏰ Last updated: Mar 31, 2021 ⏰

Add this story to your Library to get notified about new parts!

တစ်ဖက်သတ် အချစ်ဦး (U + Z) Completed Where stories live. Discover now