Part 3

2.6K 174 0
                                    

(Unicode )

" မြူနှင်း"

အသံကြားရာကို လှည့်လိုက်တော့ ဟိန်းထက်အောင်ဆိုသည့်  သူငယ်ချင်း၊ မြူနှင်းက ယောကျာ်း​ေလးသူငယ်ချင်း များများစားစားမရှိပေမယ့်လည်း ဟိန်းထက်အောင်နဲ့တော့ နည်းနည်းပါးပါး စကားပြောဖူးသည်။

"အင်း.. "

"ငါ့သူငယ်ချင်းက နင်တို့နဲ့ ခင်ချင်လို့တဲ့"

"ဘယ်သူလဲ"

"နိုင်နိုင်အောင်"

"နိုင်နိုင်အောင်က ဘယ်သူလဲ...ငါမှ မသိတာ "

            မြူနှင်းတကယ်မသိပါ။ နေ့တိုင်း စာသင်၊ ယွန်းယွန်းနဲ့ ထမင်းစားပြီး စာသင်နှင့် အတန်းထဲတွင် ယွန်းယွန်းနှင့် ဟိန်းထက်အောင် နာမည်ကလွဲပြီး ဘယ်သူ့မှမသိ။

"ဟိတ်ကောင်....ဒီမှာ မင်းကိုမသိဘူးတဲ့ဟ..."

ဟိန်းထက်အောင် လက်ယက်ခေါ်လိုက်တော့ လူတစ်ယောက် စပ်ဖြဲဖြဲနှင့် ပြေးလာတာကိုမြင်လိုက်ရသည်။

"( သူ့နာမည်က နိုင်နိုင်အောင်တဲ့?)"

" ငါ့ကို ရင်းရင်းနှီးနှီး 'နိုင်'လို့ခေါ်လို့ရတယ်နော်
ဒါနဲ့  တစ်ခန်းထဲနေပြီး ငါ့ကိုတကယ်မသိဘူးလား"

"Sorryနော်...လူကိုသိတယ်၊ နာမည်နဲ့ ရုပ်နဲ့မတွဲမိတာ"

"ရပါတယ်ခင်ဗျာ...လူကိုသိတာ တော်သေးတာပေါ့ "

"သိမှာပေါ့...မင်းက သူတို့ခုံကို ခဏခဏကြည့်နေတာကိုး"

     

          ဟိန်းထက်အောင်က ပြုံးစိစိနဲ့စနောက်လိုက်တော့ နိုင်တယောက် မျက်လုံးပြူးမျက်စံပြူးနှင့်

"ဟိတ်ကောင် မင်းနော် ပြီးမှတွေ့မယ်"

     သူငယ်ချင်းနှစ်ယောက် စနောက်နေကြတာကို ကြည့်ပြီး မြူနှင်းတခစ်ခစ်ရယ်နေမိသည်။

"မြူနှင်းလည်း ရိပ်မိပါတယ်၊ မြူနှင်းသူငယ်ချင်းကို ကြိုက်နေတာမလား"

"အဲ့ဒါကလေ....ဟို.....ငါ.......ငါကြည့်...."

"မြူနှင်းရေ....ဒီမှာ ဘာလုပ်နေတာလဲ၊ မုန့်စျေးတန်းသွားမလို့ ခဏလိုက်ခဲ့အုံး လာ "

        နိုင့်ရဲ့စကားတောင် မဆုံးလိုက်၊ ယွန်းယွန်းခေါ်ဆောင်ရာကို မြူနှင်း တရွတ်တိုက်ပါသွားလေတော့သည်။








(Zawgyi)

" ျမဴႏွင္း"

အသံၾကားရာကို လွည့္လိုက္ေတာ့ ဟိန္းထက္ေအာင္ဆိုသည့္  သူငယ္ခ်င္း၊ ျမဴႏွင္းက ေယာက်ာ္း​ေလးသူငယ္ခ်င္း မ်ားမ်ားစားစားမရွိေပမယ့္လည္း ဟိန္းထက္ေအာင္နဲ႕ေတာ့ နည္းနည္းပါးပါး စကားေျပာဖူးသည္။

"အင္း.. "

"ငါ့သူငယ္ခ်င္းက နင္တို႔နဲ႕ ခင္ခ်င္လို႔တဲ့"

"ဘယ္သူလဲ"

"နိုင္နိုင္ေအာင္"

"နိုင္နိုင္ေအာင္က ဘယ္သူလဲ...ငါမွ မသိတာ "

            ျမဴႏွင္းတကယ္မသိပါ။ ေန႕တိုင္း စာသင္၊ ယြန္းယြန္းနဲ႕ ထမင္းစားၿပီး စာသင္ႏွင့္ အတန္းထဲတြင္ ယြန္းယြန္းႏွင့္ ဟိန္းထက္ေအာင္ နာမည္ကလြဲၿပီး ဘယ္သူ႕မွမသိ။

"ဟိတ္ေကာင္....ဒီမွာ မင္းကိုမသိဘူးတဲ့ဟ..."

ဟိန္းထက္ေအာင္ လက္ယက္ေခၚလိုက္ေတာ့ လူတစ္ေယာက္ စပ္ၿဖဲၿဖဲႏွင့္ ေျပးလာတာကိုျမင္လိုက္ရသည္။

"( သူ႕နာမည္က နိုင္နိုင္ေအာင္တဲ့?)"

" ငါ့ကို ရင္းရင္းႏွီးႏွီး 'နိုင္'လို႔ေခၚလို႔ရတယ္ေနာ္
ဒါနဲ႕  တစ္ခန္းထဲေနၿပီး ငါ့ကိုတကယ္မသိဘူးလား"

"Sorryေနာ္...လူကိုသိတယ္၊ နာမည္နဲ႕ ႐ုပ္နဲ႕မတြဲမိတာ"

"ရပါတယ္ခင္ဗ်ာ...လူကိုသိတာ ေတာ္ေသးတာေပါ့ "

"သိမွာေပါ့...မင္းက သူတို႔ခုံကို ခဏခဏၾကည့္ေနတာကိုး"

     

          ဟိန္းထက္ေအာင္က ၿပဳံးစိစိနဲ႕စေနာက္လိုက္ေတာ့ နိုင္တေယာက္ မ်က္လုံးျပဴးမ်က္စံျပဴးႏွင့္

"ဟိတ္ေကာင္ မင္းေနာ္ ၿပီးမွေတြ႕မယ္"

     သူငယ္ခ်င္းႏွစ္ေယာက္ စေနာက္ေနၾကတာကို ၾကည့္ၿပီး ျမဴႏွင္းတခစ္ခစ္ရယ္ေနမိသည္။

"ျမဴႏွင္းလည္း ရိပ္မိပါတယ္၊ ျမဴႏွင္းသူငယ္ခ်င္းကို ႀကိဳက္ေနတာမလား"

"အဲ့ဒါကေလ....ဟို.....ငါ.......ငါၾကည့္...."

"ျမဴႏွင္းေရ....ဒီမွာ ဘာလုပ္ေနတာလဲ၊ မုန့္ေစ်းတန္းသြားမလို႔ ခဏလိုက္ခဲ့အုံး လာ "

        နိုင့္ရဲ႕စကားေတာင္ မဆုံးလိုက္၊ ယြန္းယြန္းေခၚေဆာင္ရာကို ျမဴႏွင္း တ႐ြတ္တိုက္ပါသြားေလေတာ့သည္။

တစ်ဖက်သတ် အချစ်ဦး (U + Z) Completed Donde viven las historias. Descúbrelo ahora