Part-2❤️

12.1K 903 215
                                    

Unicode Ver:

ထယ်ယောင်းမှာခုမှအလုပ်စဆင်းသောနေ့...
လုပ်လိုက်ရသော အလုပ်မှာ သက်တမ်း 10 နှစ်ရှိသော ဝန်ထမ်းနဲ့ပင် ညီမျှသည်..
အချိန်သည်လည်း တရွေ့ရွေ့နှင့် ရုံးဆင်းချိန် 5 နာရီပင်ထိုးလေပီ..
  ထယ်ယောင်းလည်း သူ့Boss အားတစ်ချက်ကြည့်လိုက်မိသည် တစ်နေကုန် Computer နဲ့မျက်နှာ မခွာသူပါပင် အခုလည်းပြန်ဖို့အစီအစဉ်မရှိဘူးလားမသိ သူလည်းဒီတိုင်းနေရင် ညလုံးပေါက်တော့မည် ထို့ကြောင့် Boss နားသို့ ဖြေးဖြေးချင်းကပ်သွားကာ...

Tae-Boss ရုံးဆင်းချိန်ရောက်ပီ ကျွန်တော်ဆင်းပီနော်...
    သူ့ Boss ကတော့ အချေပီပီ လက်တစ်ချက်ခါပြကာသွား ဟူသောပုံစံဖြင့်..

  ထယ်ယောင်းလည်း ဘာမှမပြောတော့ဘဲ ထွက်လာလိုက်သည် အက်လောက်အလုပ်လုပ်သောသူကို အားလည်းကျမိပါသည် အမြင်လည်းကတ်မိပါသည် အဆိုးဆုံးကတော့ လူကိုလူလိုမဆက်ဆံခြင်းပင်
  ထယ်ယောင်းတစ်ယောက် အတွေးတစ်သီကြီးဖြင့်အိမ်သို့ပြန်ရောက်လာလေပီ အိမ်သို့ရောက်တာနဲ့ ပင်ပန်းသည့်စိတ်ကပိုတိုးလို့လာသည် သူ့အကို ကိုလည်းချွဲရအုံးမည်မဟုတ်ပါလား

Jin လည်းထယ်ယောင်းကိုမြင်သည်နှင့်

jin-မျောက်ကလေး အဆင်ပြေလာလား

Tae-ဘာမှမမေးပါနဲ့ အရမ်းပင်ပန်းနေပီ

  Jin လည်းသူ့ညီလေးအားစိတ်ပူသွားကာ

Jin-ငါ့ ထယ်လေးကို အက်ကောင်အများကြီးခိုင်းတာလား ဟမ် မနက်ဖြန် Hyung ကိုတိုင်သူ့ကို သွားဖြဲမယ် နော် အိုက်ဂူး ငါ့ပူတူးတူးလေး အရမ်းပင်ပန်းလာလား သွား ရေသွားချိူးလိုက် Hyung ထမင်းပြင်ထားမယ်နော်..

Tae- ဟုတ်...

Jin ဆိုသည်မှာလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောလိုက်ရသည် သူ့ညီလေး ဝမ်းနည်းတတ်တာ သူသိသည်လေ အခုလည်း ပင်ပန်းလာတယ် ဆိုတော့ ပျော်အောင် လုပ်ပေးရပေအုံးမည်....

ထယ်ယောင်းတစ်ယောက်ရေချိုးပီးလို့ အောက်သို့ ထမင်းစားရန်ဆင်းလာသည်...
  ထမင်းစားပွဲမှာ ထိုင်လိုက်သည်နှင့် သူ့အကိုက ဟင်း‌တွေ အများကြီး ထည့်ပေးပါတော့သည်...သူလည်း ဖြေးဖြေးချင်းစားလိုက်သည်...

My Secretary(Completed)Where stories live. Discover now