စာမူအလှူရှင်-Yuyu Lulu
_________________________
တိမ်တွေကား အုံ့မှိုင်းလို့ မိုးစက်မိုးပေါက်တွေကား မြေပြင်ပေါ်သို့ အလုအယက်ခုန်သက်ဆင်းလျက်ရှိနေကြသည်။ မိုးရေစက်တို့ကြောင့်
လောကဓါတ်တစ်ခွင်ကား အေးချမ်းနေသယောင်ရှိပေမယ့် အချို့သောနေရာများတွင်တော့ သောကအပူကြောင့်တောက်လောင်နေရဆဲ။ပေကျင်းမြို့တော်ကြီး၏ အထင်ကရနေရာတစ်ခုဖြစ်ပေမယ့် လူအများစုမနှစ်သက်ကြသည့် ပေကျင်းအထွေထွေဆေးရုံကြီး၏ တစ်နေရာတွင် လူနာတင်လှည်းကလေးကား
အရှိန်ဖြင့် ဆွဲခေါ်ခြင်းကိုခံနေရလျက်ရှိသည်။ လှည်းကလေးကိုဆွဲခေါ်သွားသည့် ဆရာဝန်တစ်ဦး နာစ့်တစ်ဦးနှင့် အမျိုးသမီး၊အမျိုးသား တစ်ဦးဆီတို့ဟာ သူ့သောကနှင့်သူ တောက်လောင်နေကြဟန်။သူတို့၏အာရုံကား လှည်းကလေးထက် ရင်ဘတ်များနိမ့်ချည်မြင့်ချည်နှင့် အသက်လု၍ရှုနေရပုံရှိသော ၆နှစ်အရွယ်ကလေးငယ်လေးထံမှာသာရှိနေကြသည်။
ကလေးငယ်၏ မိခင်ဖြစ်ဟန်တူသော အမျိုးသမီးမှာလည်း မျက်ရည်လည်ရွှဲနှင့် လှည်းကလေးနောက်အပြေးလိုက်လို့ တငိုငိုတစ်ရယ်ရယ်နှင့်ပင်။
ဆရာဝန်များကတော့ ပြေးရင်းလွှားရင်းပင် လုပ်သင့်သည်တို့ကိုလုပ်နေကြလေသည်။အရေးပေါ်ခန်းဟူ၍ တံဆိပ်ကပ်နှိပ်ထားသော အခန်းတစ်ခုဆီသို့ရောက်သောအခါ
အမျိုးသမီးနှင့်အမျိုးသားတို့မှာ ထပ်မံခြေလှမ်းခွင့်မရှိတော့သောကြောင့် ခြေလှမ်းချက်များကိုတုန့်ခနဲရပ်လို့ အခန်းထဲဝင်သွားသော ကလေးငယ်နှင့် ဆရာဝန်တို့ကို
စိုးရိမ်ပူထိတ်နေသောအကြည့်များဖြင့်သာ လှမ်း၍ကြည့်နိုင်ပုံရှိကြတော့၏။"ကျွန်မသားလေး...အဟင့်...အားပေါ်လေး...အဆင်ပြေပါ့မလား...၊ကလေးကိုကယ်ပါဦးရှင်...၊သားလေးကိုကယ်ကြပါဦး"
အမျိုးသမီးက သနားစဖွယ်ငိုပြန်လေတော့ အမျိုးသားခမျာ သူ့အပူတို့ကို ခဏလောက်ခဝါချလို့ အမျိုးသမီးအားဖက်လို့ ချော့မြူခြင်းကိုပြုရှာသည်။
YOU ARE READING
Ko Ko's Wang Dumpling(Completed)
Fanfictionစာမူအလှူရှင်-Yuyu Lulu zsww fanfiction one shot CRPH funding project