"မဆင်းဝူး...မသွားပူး....ကိုကို့နားပဲနေမှာ!....အင့်ဟင့် ဝါး..."
ရှောင်းကျန့်ဆိုတဲ့ကလေးရဲ့ခါးကို ဖက်ကာ တက်မတတ်ချက်မတတ်ငိုနေသော သားငယ်ကြောင့် မေအန်းရောရိဖုန်းပါဘာလုပ်ရမယ်မသိတော့။
ဆေးရုံကဆင်းခွ့င်ရခဲ့တာနှစ်ရက်လောက်ရှိပြီဖြစ်ပေမယ့် ရှောင်းကျန့်လေးနားက မခွာတော့သော သားငယ်ကြောင့် သူတို့မိဘတွေမှာ ဆေးရုံပေါ်သောင်တင်နေခဲ့တာ ၂ရက်ပင်ရှိလေပြီ။
ယခုတစ်ခေါက်တော့ အတည်ဆင်းမယ်ကြံထားပေမယ့် ပိုပိုဆိုးကာ ငိုနေသောသားငယ်ကား တကယ်ပင် တက်တော့မလိုလိုပါငိုနေတာမို့ သူတို့မှလဲဘာလုပ်ရမယ်ဆိုတာ မသိတော့။ရှောင်းကျန့်ဆိုတဲ့ကလေးကချော့ပေးပေမယ့်လဲ မရ။ ထို့ကြောင့် ရှောင်းကျန့်လေးခမျာပင် မျက်နှာငယ်လေးနှင့်။
"သားကလဲ...သားမှာအိမ်ရှိတယ်လေ အိမ်ကိုပြန်ရမှာပေါ့...။ ဆေးရုံမှာနေရင်
ရောဂါပိုကြီးတွေ သားကိုကိုက်မှာပေါ့"မေအန်းချော့ပြောကြည့်သော်လည်း သားငယ်က ခေါင်းတရမ်းရမ်းလုပ်၍ ရှောင်းကျန့်လေးရဲ့ခါးကို ပိုမိုတင်းတင်းကျပ်ကျပ်ဖက်ကာ ဆိုလာလေသည်။
"ကိုက်ကိုက်နာနာ....မသိပူး...ကိုကို့နဲ့ပဲနေမှာ..."
"သားသားနော် ချစ်လို့အလိုလိုက်ထားတာကို...မားမားရောပါးပါးရောက ရိုက်မှာနော်"
"ရိုက်ရိုက်နာနာ...ကိုကိုနဲ့ပဲနေမှာ...ကိုကိုနဲ့...ကိုကိုနဲ့ နေခွင့်မပေးရင်..
ဆေးလဲသောက်ပူး...ကိုကိုနဲ့ပဲနေမှာလို့...အွန့်ဟင့်....ကိုကို...ဟင့်...ကိုကို့နားပဲ...
နေချင်တာလို့ဟင့်..ဟင့်...""သား..သား...သားငယ်!"
"သား! အားရိ!!!"
သားငယ်မှာ ငိုရင်းနဲ့ပင်တက်သွားသောကြောင့် ရိဖုန်းတို့ပြာရလေတော့သည်။
ဆရာဝန်တွေခေါ် နာစ့်တွေခေါ်နဲ့အလုပ်တွေရှုပ်သွားရင်း အိမ်ပြန်ဖို့အစီအစဉ်ဟာလည်း ထပ်မံနောက်ကျခဲ့ပြန်ပြီဖြစ်ပါတော့သည်။
CITEȘTI
Ko Ko's Wang Dumpling(Completed)
Fanfictionစာမူအလှူရှင်-Yuyu Lulu zsww fanfiction one shot CRPH funding project