Part-14💜

1.6K 107 6
                                    

Unicode Ver:

Jimin လည်း ထယ်ယောင်းဖုန်းချသွားသည်နှင့် jkဆီသို့ခေါ်ကာ ထယ်ယောင်းဖုန်းဆက်တဲ့ အကြောင်းပြောပြလိုက်သည်...ထို့နောက် သူလည်းပျော်မြူးကာ ကိုကိုနှင့်လျှောက်လည်ရန် ချိန်းလိုက်သည်....

Jkတစ်ယောက် jimin ဆီမှဖုန်းလာပြီးသည်နှင့် Company တစ်ခုထောင်ရန်အတွက် ရှယ်ယာရှင်များအား စည်းရုံးနေသည်... Namjoon မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း အကူအညီတောင်းထားသောကြောင့် အဆင်ပြေသလိုရှိသည်...တွေးနေမိသည်က သူရှာသမျှအကုန် ယောင်းလေးဆိုသော လူသားအတွက်ပင် ....

Yoongi လည်းJimin ဘက်ကစခေါ်သည်မို့ အလွန်ပျော်မိသည် ထို့နောက် သားသားနားနား ဝတ်ကာ ချစ်သူဆီသို့...

  Jiminလည်း Yoongi အလာကိုစောင့်နေလိုက်သည် ကိုကိုနှင့် ဒီလိုမလည်ရတာကြာပြီလေ....

Yg- မင်လေး ကိုကိုရောက်ပြီ

Jm- မြန်လိုက်တာ ဘယ်လိုလာတာလဲ

Yg- မင်လေး ကတွေ့ချင်တယ်ဆိုတော့ မြန်မြန်လုပ်ပြီးလာတာပေါ့ ကဲ ကိုကိုတို့ ဘယ်သွားကြမလဲ

Jm-ဟန်မြစ်ဘေးသွားရအောင် ပြီးရင် ပန်းခြံထဲမှာ လမ်းလျှောက်ကြမယ်

Yg-ဟုတ်ပါပြီဗျာ ကားပေါ်တက်

  Yoongi တို့နှစ်ယောက်လည်း ဟန်မြစ်ဘေးသို့သွားကာ ခုံတန်းလေးတစ်ခုပေါ်ထိုင်၍ စကားများ ပြောနေကြသည်

Jm-ကိုကို မင်လေးလို နိမ့်ကျတဲ့သူကိုဘာလို့ချစ်တာလဲ

Yg- အချစ်မှာ နိမ့်ကျတယ်ဆိုတာ မရှိဘူး ချစ်ချင်တဲ့သူကချစ်မှာပဲ မင်လေးရဲ့

Jm-မင်လေးတို့က ကံကောင်း‌တယ်နော် ယောင်းလေးတို့လို အပြစ်အနာအဆာတွေ မရှိဘူး သူတို့အတွက်လည်းစိတ်မကောင်းဘူး သူတို့လည်း မြန်မြန် ပြန်ဆုံနိုင်ရင်‌ ကောင်းမယ်

Yg- အင်း ဟုတ်တယ် ကိုကိုတို့က ကံကောင်းတယ် သူတို့လည်း ပြန်ဆုံမှာပါ ကိုကို‌ကတော့ အဲ့လိုပဲထင်တယ်

Jm- အင်း မင်လေးရောပဲ သူတို့ကတော်တော်ချစ်ကြတာ လွယ်လွယ်နဲ့ကွဲမှာ မဟုတ်ဘူး ကိုကို မင်လေးတို့ကြယ်လေးတွေကြည့်ပြီးသူတို့ပျော်ရွှင်ဖို့ဆုတောင်းပေးကြမလား

To the Past(Completed)Where stories live. Discover now