Part-16💜

1.7K 110 2
                                    

Unicode Ver:

ဒီလိုနဲ့... တဖြည်းဖြည်း အချိန်တွေကြာလာခဲ့တယ် အခုဆိုရင် ထယ်ယောင်းနှင့် ဟိုဆော့ ကလည်း  ယုံကြည့်ရတဲ့ ဆက်ဆံရေးတစ်ခုရခဲ့ပြီ ထယ်ယောင်းကလည်း အကိုတစ်ယောက်လို အရမ်းခင်တွယ်ပါသည် ထယ်ယောင်းတို့ ထုံးစံအတိုင်း ခင်ပီဆိုလျှင် ချွဲတတ်သောအကျင့်ကြောင့် ဟိုဆော့ မှာ အသဲယားရပါသည် ဟိုဆော့ကလည်း ထယ်ယောင်းကို စိတ်ထဲကသာ ချစ်၍ အပြင်တွင်တော့ ညီလေး အရင်းတစ်ယောက်လို ဂရုစိုက်ပေးသည်...

Namjoon နဲ့ Jin Hyung တို့လည်း ကလေးတစ်ယောက်ရနေပြီဖြစ်သည်...Jin Hyung ကဆေးသောက်ပြီးမွေးပေးခဲ့ခြင်း...

Jimin ဆိုလျှင်လည်း Yoongi Hyung ကသူ့ကို လက်ထပ်ခွင့်တောင်းထားသည်....

Jk လည်းအခုဆိုလျှင် ကိုရီးယားရဲ့ ထိပ်တန်း Jeon Company ပိုင်ရှင် သူ့ကိုမသိသူမရှိ ကျိကျိတက်ချမ်းသာနေပြီ

ထယ်ယောင်းကလည်း သူဌေးတစ်ယောက် ဖြစ်နေပြီလေ

အကုန်လုံး အစီအစ‌ဉ်တကျ အဆင်ပြေနေခဲ့သည်...တစ်နေ့ ဟိုဆော့က Jk ဆီသို့ ဖုန်းဆက်ကာ ကိုရီးယားရုံးခွဲတစ်ခုအား ပူးပေါင်းရန် ကမ်းလှမ်းထားသည် jk အစကတော့လက်မခံပေမဲ့ စီးပွားရေးမှာ ထက်မြက်သူမို့ လက်ခံလိုက်သည် သို့သော် Jk မသိသေးသော တစ်ခုတည်းသော အရာက ဟိုဆော့နှင့်အတူ ထယ်ယောင်းပါ ပါလာမည်ဆိုသည်ကို...

Hs-ယောင်းလေး ကိုနောက်အပတ် ကိုရီးယားမှာ Jkနဲ့ပူးပေါင်းဖို့ရှိလို့ပြန်ရမယ် ဒီကအလုပ်တွေလည်း လွှဲခဲ့တော့မှာ ပြန်မလာတော့ဘူး ယောင်းလေးလည်း လိုက်ခဲ့သင့်ပြီမထင်ဘူးလား Jkကိုလည်း ပြန်တွေ့သင့်ပြီလေ ယောင်းလေးစကားတွေ သူအကုန်နားထောင်ခဲ့တာပဲ

Th-ဟုတ် ကျွန်တော် ပြန်လိုက်ခဲ့မှာ ဒါပေမဲ့ Jkကိုမပြောပါနဲ့ Surprise တိုက်ချင်လို့

Hs-ဟုတ်ပါပီ ယောင်းလေးသဘော

Th-အစစအရာရာ ကျေးဇူးတင်ပါတယ်

Hs-မလိုပါဘူးကွာ မင်းက ကို့ညီလေးပဲ

Th-ဟုတ်....

Taehyung လည်းပြန်ရမှာကို စိတ်လှုပ်ရှားနေမိသည် ကိုကိုနဲ့ပြန်တွေ့ရတော့မည်မဟုတ်ပါလား သူအရမ်းလွမ်း‌ေနခဲ့ပြီးချစ်ခဲ့ရသူကို ပြန်တွေ့တော့မည် ပြန်ရောက်တာနဲ့ သူ့ကိုချစ်နေကြောင်း ဝန်ခံပြီး သူနဲ့အတူ သာယာတဲ့ မိသားစုလေးတည်ဆောက်ချင်သည်...အတွေးများက ထိန်းမရအောင် တွေးမိကာ ပျော်နေမိသည် ထို့နောက်

To the Past(Completed)Where stories live. Discover now