Part-15

1.2K 136 6
                                    

(ဆရာဝန်ကကြီးကြီးမားမားထိခိုက်ထားတာမရှိပေမယ့်Seok Jinကိုတစ်ပတ်လောက်ဆေးရုံမှာနားခိုင်းထားသည်)

(လမ်းလျှောက်ဖို့သိပ်မဆင်မပြေသေးတာကြောင့်ကော အပျင်းတတ်နေတာပါရောပြီးSeok Jinကျောင်းကိုဆေးခွင့်တင်ထားသည်)

(Tae Hyungရဲ့ကောင်းမှုအကြောင်းပြုပြီးလူကြီးတွေအထင်လွဲခဲ့တာတွေတော့ဖြေရှင်းပြီးပြီအခုဆိုSeok Jinဆေးရုံတတ်နေတာဒီနေ့နဲ့ဆို၂ရက်ပြည့်တဲ့နေ့)

(ဆေးရုံတတ်နေတဲ့အချိန်အတွင်းဦးJoonကသူ့ကိုနေ့ကောညကောစောင့်ရှောက်ပေးသည် ညဘက်တွေမှာလည်းဆေးရုံစောင့်ပေးသလိုနေ့ဘက်တွေမှာလည်းစားချင်တာတွေဝယ်ကျွေးသည်)

(အခုတော့မျောက်သုံးကောင်ကျောင်းကအပြန်ဆေးရုံရောက်နေလေရဲ့)

Jung Kook-Seok Jinမင်းဘဲကြီးကော ဒီနေ့မလာသေးဘူးလား

Seok Jin-ဟုတ်တယ်ဒီနေ့တော့ပေါ်မလာသေးဘူး

Jimin-မျှော်တော်မူနေတယ်ဆိုပါတော့

Seok Jin-မမျှော်ပါဘူးကွ သူအလုပ်များနေလို့နေမှာပေါ့ကွ မင်းတို့လိုဦးJoonကအားယားနေတာမှမဟုတ်တာ အလုပ်နဲ့အကိုင်နဲ့ကွ

Jimin-အမလေးဗျာ ဦးJoonနဲ့ပတ်သတ်ရင်အထိမခံလေးပါလား

Seok Jin-အဲ့လိုမဟုတ်ပါဘူးကွာ ငါကအမှန်တရားတွေကိုပြောပြတာပါ

Jimin-ငါလည်းအမှန်တရားတွေပြောနေတာပါကွ

Jung Kook-Tae Hyungငြိမ်လှချည်လားကွ

Tae Hyung-မငြိမ်ပါဘူးကွာ မင်းတို့ဘဲပြောနေတာလေ ငါကိုကောပေးပြောလို့လား

Seok Jin-ဘာလည်းမင်းကငါ့ကိုပြောစရာရှိလို့လား

Tae Hyung-ပြောစရာ ဟင်း~ဘာပြောရမလည်းဆိုတော့ အော်ဟန်ဆောင်နေတာတွေကိုလျှော့ပြီးကျောင်းမြန်မြန်ပြန်တတ်ပါလို့ပြောချင်တာအချစ်ကလေးရဲ့

Seok Jin-ဘောကိုအချစ်ကလေးလား ဘယ်သူကကောဟန်ဆောင်နေလို့လား ခြေထောက်ကတကယ်ထောက်လို့တောင်မရသေးတာကွ

Tae Hyung-အဲ့တာဆိုဖြတ်ရမယ်ထင်တယ်နော်Jung Kook

Seok Jin-Kim Tae Hyung....

Uncle Joon and Baby Jin(Completed)Where stories live. Discover now