|| ၉ ||

2.7K 516 8
                                    

Unicode

(၉)

ငါနောက်ကျောနာနာကြီးနဲ့ တိုက်ခန်းကို ပြန်ရောက်လာတော့ ညလယ်ခေါင်တောင်ရောက်နေပြီ။ သိသိသာသာကိုပဲ အလုပ်အသစ်က လုပ်အားများများမသုံးရတဲ့အလုပ်ကို ငါဘာလို့အဲ့လောက်တောင် နာကျင်နေရတာလဲ? ပုံမှန်လေ့ကျင့်ခန်းမလုပ်တာနဲ့ ဘာမှမဆိုင်တာကို..

နတ်ဘုရားလေးရဲ့အခန်းအပြင်ဘက်ကနေ အလင်းရောင်ဖျော့ဖျော့လေးထွက်နေတာကို သတိထားမိတော့ ခါးကြောဆန့်လိုက်ပြီးတော့ ငါဝယ်လာတဲ့အပေါစားလက်ဝတ်လက်စားလေးကို ငါ့အိတ်ကပ်ထဲထည့်လိုက်ပြီး သတိကြီးကြီးထားပြီး အသာလေးတံခါးကို ခေါက်လိုက်တယ်။

နတ်ဘုရားလေးက အိပ်ရာပေါ်မှာထိုင်နေပြီး လက်တော့ပ်ကိုငုံ့ကြည့်နေတယ်။ သူ့ရှေ့ဆံပင်တွေက ဂျယ်နဲ့သေချာမဖြီးသင်ထားတာကြောင့် သူ့မျက်လုံးတွေကိုဖုံးနေတယ်။ မော့ကြည့်ပြီး ငါ့ကိုမြင်တော့ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်တယ်။ အိပ်ချင်နေလို့ ဖြစ်လောက်မယ်။ ပြီးတော့ ခပ်ယဲ့ယဲ့မေးလာတယ်။ "မင်းဘယ်ရောက်နေတာလဲ?"

ငါနတ်ဘုရားလေးဘေးကို တွားသွားလိုက်ပြီး ငါ့ခန္ဓာကိုယ်အေးအေးကြီးကို စောင်အောက်ထဲမှာကွေးလိုက်ပြီး အကြာကြီးတွေးလိုက်တယ်။ နောက်တော့ အကြောင်းပြချက်တစ်ခုထွက်လာတယ်။

"ယောင်ပြီးလမ်းလျှောက်တာလား?"

နတ်ဘုရားလေးက ခေါင်းငြိမ့်လာတယ်။ ငါဘာပြန်ဖြေမလဲဆိုတာ စောင့်မနေတော့ဘဲနဲ့ Chief အန်အတွက် အစီအစဉ်တစ်ခု ရေးဆွဲပေးနေတော့တယ်။

သူနဲ့အနီးကပ်ကြီးမနေရဲဘူး။ ဒါပေမယ့်လည်း စောင်အောက်ထဲမှာ ငါ့ခန္ဓာကိုယ်နွေးလောက်တဲ့အချိန်ကျတော့ ငါထွက်လာခဲ့လိုက်တယ်။ ငါ့အခန်းထဲကို ငါပြန်မသွားချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်က ပင်ပန်းနေပေမယ့်လည်း စိတ်ကစွမ်းအင်တွေ ပြည့်နေတာကြောင့် လင်းနေတဲ့ကွန်ပျူတာနားကို ငါ့မျက်နှာကိုတိုးသွားလိုက်တယ်။ အခန်းထဲက အဝါရောင်မီးအိမ်ငယ်လေးက ဖတ်ရဘယ်လောက်ခက်ကြောင်း သက်သေပြနေပေမယ့်လည်း ငါ့မျက်လုံးတွေက ဆက်ဖတ်နေမိတဘ်။

စီးပွားပျက်သွားတဲ့လူချောလေးကို အိမ်ခေါ်လာတယ် | ဘာသာပြန် ✓Donde viven las historias. Descúbrelo ahora