Chapter-2

2K 314 26
                                    

Unicode

Section-1

"Morning~hyung......"

သူကားပေါ်ကဆင်းတာနဲ့ Jung Kookက အနားလာပြီး စကားစတယ်။သေချာကြည့်တော့မှ လက်ထဲမှာလည်း ထမင်းဘူးနဲ့.....

"ကြည့်လှချည်လား hyung......ဒီနေ့ကျွန်တော် တော်တော်မိုက်နေတယ်ထင်တယ်......"

"​ေ-ာကို မိုက်......"

"hyungဟာလေ နှုတ်ခမ်းလှလှလေးနဲ့ မအပ်မစပ်စကားတွေ သိပ်ပြောတာပဲ....."

သူ့နှုတ်ခမ်းကို လက်မနဲ့ပွတ်ဆွဲပြီး ပြောလာတဲ့ Jung Kookလက်ကို သူပုတ်ချလိုက်တယ်။

"ဒီမှာ Jung Kook.....မင်းနဲ့ ငါပြတ်ပါပြီဆို ~ဘာလို့ငါ့လာကိုလာပတ်သက်နေတာလဲ......"

"ပြတ်တယ်ဆိုတာ hyungဘက်က ပြောတာလေ.....ကျွန်တော့်ဘက်ကမှမဟုတ်တာ....."

"မင်းရုပ်မင်းရည်လေးနဲ့ တွဲစရာမရှားပါဘူးကွာ~တခြားလူနဲ့ သွားတွဲစမ်းပါ....."

Jung Kookက သူ့စကားကို အလေးမထားဘဲ လက်ကိုလာကိုင်တယ်။

"လွှတ်စမ်း.....လာမကိုင်နဲ့...."

"လက်ကလေးကိုင်တာကို တွန့်တိုမနေနဲ့ hyung~ငြိမ်ငြိမ်မနေရင် ဟိုနေ့ကထက်ဆိုးမယ်....."

သူ့လက်ကိုတစ်ဖက်က တွဲပြီး နောက်လက်တစ်ဖက်က ထမင်းဘူးကို ကိုင်ကာ လမ်းလျှောက်နေရင်း ခြိမ်းခြောက်နေတဲ့ Jung Kookကြောင့် Jiminပြုံးချင်စိတ်ကို မနည်းထိန်းနေရတယ်။

နမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာကို သူကကြောက်မယ်လို့ထင်နေတဲ့ လူအ လေး.....

"ဒီနေ့ hyungအတွက် ကျွန်တော်မနက်စာပြင်လာတယ်....."

"ငါမစားဘူး~ပြန်ယူသွား....."

"hyungဟာလေ~သိပ်ဆိုးတာပဲ..."

တွဲထားတဲ့လက်ကို ဆွဲယူပြီး နမ်းလိုက်တဲ့​
Jung Kookကြောင့် ကျောင်းသူတချို့က *ဝိုး*ခနဲအသံပြုကြတယ်။

ဂျိုကြည့်ကြည့်လိုက်ပေမယ့် မဖြုံလှတဲ့
Jung Kookဟာ ခပ်ပြုံးပြုံးနဲ့အတန်းရှေ့အထိ လက်ကိုတွဲထားဆဲ...

"လက်လွှတ်တော့လေ~ငါအတန်းထဲဝင်တော့မယ်....."

"အတန်းတက်ဖို့ အစောကြီးလိုသေးတာကို...."

Deception(Completed)Where stories live. Discover now