Unicode
ရေးးး အလယ်တန်းပြီးပြီကွ နောက်နှစ်က စပြီး အထက်တန်းကျောင်းအသစ်မှာ တက်ရတော့မယ် ဟေ့..."
လီဆာ့ရဲ့ ၂ယောက်မရှိတဲ့ သူငယ်ချင်းလေး ချယ်ယောင်းမှ အော်ပြောနေခြင်းပင် ဖြစ်သည်။ ချယ်ယောင်းပုံစံက တော်တော်ပျော်နေပုံ လီဆာ့အတွက်ကတော့ စာမေးပွဲပြီးသွားလို့ စိတ်ပေါ့သွားတာကလွဲပြီး ဘာမှမခံစားရပေ ဒါကြောင့် ချယ်ယောင်းက လီဆာ့ကို ရေခဲတုံးကြီးလို့ အမြဲစနောက်လေ့ရှိတာပင်။
"Yrr Park Chaeyoung နင်ဘာလို့ အာပြဲကြီးနဲ့ အော်နေတာလဲ မရှက်ဘူးလား ဘာမှ မဟုတ်တဲ့ ကိစ္စလေးကို တစ်လောကလုံး မသိသိအေုင် အော်ပြောနေလိုက်တာ"
"လာလီဆာ ငါ့ကို နင့်ပုံစံကြီး ဝင်အောင် မသွင်းစမ်းပါနဲ့ ငါပျော်နေတာ အကြောင်းရှိတယ်ဟ"
"အင်း ပြောကြည့်ပါဦး နင့်ရဲ့ အကြောင်းလေး"
"ဒီလိုဟ ငါတို့နောက်နှစ်တက်မယ့်ကျောင်းမှာ ငါ့crushရှိတယ် ငါသူ့ကို အမြဲမြင်ရတော့မှာမို့ ပျော်နေတာ ခ်ခ်"
"နင့်crush!! နင့်လို အစားကလွဲပြီး ဘာမှမသိတဲ့သူက crushရှိသေးတယ် ဟုတ်လား wowww မယုံနိုင်စရာပဲ"
"ရှိတယ် ရှိတယ် ငါက အစားပဲ သိတာမှန်ပေမယ့် နှလုံးသားရှိတယ် အချစ်ကို ခံစားတတ်တဟ် နင့်လိုမျိုး နှလုံးသားမရှိတဲ့ စာကြမ်းပိုး မဟုတ်ဘူး သိရဲ့လား😏"
"အေးပါ အေးပါ ဟုတ်ပါပြီ ငါကလဲ စာကို ကြိုးစားချင်လို့ ကြိုးစားနေတာမဟုတ်ဘူး ငါ့အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ ကြိုးစားနေတာ ပေါက်လား ဘရောင်ချိန်းရဲ့"
(အမလေးလေး ငါ့အဖောင်းလေးကိုများပြောရက်လိုက်တာ လာလီဆာရယ်)သူငယ်ချင်း၂ယောက်သား ငြင်းခုန်ရင်းနဲ့ ပြန်လာကြတာ လီဆာ့အိမ်ရှေ့ကိုပင် ရောက်နေလေပြီ။
"ဟဲ့ အဖောင်းမ ငါအိမ်ထဲဝင်တော့မယ် ကောင်းကောင်းပြန်"
"Bye see you hyperကြီးရေ"
လီဆာတစ်ယောက်အိပ်မထဲဝင်လာပြီး omma ကို ရှာနေလေသည်။ မီဖိုခန်းထဲ ဝင်ကြည့်တော့မှ တွေ့ပါပြီ လီလီ့ရဲ့ ommaကို..