next day morning,
jen ထူးထူးဆန်းဆန်း ကျောင်းပိတ်မှ အိပ်ရာက စောစော နိုးနေသည်။ ပြန်လည်းမအိပ်ချင်တော့တာမို့ မျက်နှာသစ်ပြီး ဖုန်းသုံးနေလိုက်သည်။
jen's pov
"omm jisooကို အပြင် သွားဖို့ လှမ်းခေါ်ဦးမှ"
jisoo ဆိုတာ jenနဲ့ ငယ်ငယ်လေးတည်းက ပေါင်းလာခဲ့တဲ့ သူငယ်ချင်းလေး jenအကြောင်းကို jen's appaထက် ကောင်းကောင်းသိတဲ့သူလေး ကြက်ကြော်ကြိုက်လွန်းလို့ jisooကို jenက ကြက်ကြော်လို့ စနောက်လေ့ရှိတာပင် jisooကတော့ jenကို jendeukieလို့ ခေါ်သည် jenအတွက် နေရာတိုင်းမှာ တိုင်ပင်လို့ရတဲ့ သူငယ်ချင်းလေး jenရည်းစားများတာကိုတော့ လုံးဝမကြိုက်
"helllo"(အိပ်ချင်မူးတူးအသံဖြင့်)
"kim jisoo ရေ ကာလနဂါးလုပ်မနေနဲ့ ထတော့ အပြင်သွားရအောင်"
"yrr jendeuk ဘာလို့ အစောကြီး လာနှိုးနေတာလဲ အိပ်မက်ထဲမှာ ကြက်ကြော်စားမလို့ကို နင်နှောင့်ယှက်လို့ မစားရတော့ဘူး နင်က စိတ်ဓာတ်ပဲ"
"စိတ်ဓာတ်တျွှေ ဆိတ်ဒစ်တွေ လာလုပ်မနေနဲ့ ငါထွက်လာပြီ ပြင်ထား"
jenကို appaက ဟိုနားဒီနား သွားရအောင် ကားတစ်စီးဝယ်ပေးထားတော့ jenက ကျောင်းကလွဲပြီး အပြင်ထွက်ရင် ကိုယ့်ကားနဲ့ကိုယ် driverမောင်းတဲ့ကားကို စီးရတာ jenမကြိုက်
တီတီ(ကားဟွန်းသံ)
လာပြီ လာပြီ
"ကဲ အစ်မတော် ဘယ်ဒေသကို သွားတော်မူမလို့ ကျွန်တော်မျိုးမကို လာခေါ်ရတာပါလဲ"
"အိမ်မှာမနေချင်လို့"
"အ့ဆိုလဲ ကော်ဖီဆိုင်တစ်ဆိုင်သွားရအောင် ငါမနက်စာမစားရသေးဘူး"
"ဟုတ်ပြီ ပြီးရင်တော့ shopping mallသွားမှာနော်"
"အေးပါ jendeukရယ်"
ဒီလိုနဲ့ ၂ယောက်သား အနီးနားက cafeတစ်ခုကို ထွက်ခဲ့လိုက်ကြသည်
-----------
"liliလေးရေ ၈နာရီခွဲပြီ ထတော့လေ"
"nae omma မျက်နှာသစ်ပြီးရင်ဆင်းခဲ့မယ်နော်"
lisa မျက်နှာအမြန်သစ်ပြီးအောက်ကို အမြန်ဆင်းရတယ် မဟုတ်ရင်Appaနဲ့ မတွေ့လိုက်ရပဲနေမှာစိုးလို့လေ မနေ့ညကလည်း appaက dinnerတက်စရာရှိလို့ နောက်ကျမှပြန်လာတော့ lisaနဲ့စကားမပြောလိုက်ရဘူးလေ