စွန်

19 2 0
                                    



"ဒီ မအလ MAL မြန်မြန်ပြုတ်မှ အေးမှာပါအေ ။
ငါ့မှာ အပြင်လည်းစိတ်ကြိုက်မသွားရဘူး ။
ညညဆိုလည်း စောက်လှိုင်းကဖြတ်သေးတယ် ။ဆန္ဒပြရတာ အသားတွေလည်းမဲချိတ်နေပြီ ။ချီးပဲ"

"ဒီမှာ ....ဒီမှာ ...ဟို ဟိုက အမ ....."

အမေခိုင်းလို့သပြေခက်လေးတွေချိုးနေရင်း
အသံလာရာမော့ကြည့်လိုက်တော့
အိမ်ခြံစည်းရိုး အပြင်က
ခြေဖျားထောက်ရင်း တကြော်ကြော်
အော်ခေါ်နေတဲ့ ကောင်လေးတစ်ယောက်။

"ငါ...ငါ့ကို ခေါ်တာလား"

ကိုယ့်ကိုကိုယ်လက်ညှိုးပြန်ထိုးရင်
ပြန်မေးတော့....

"အဲ့နေရာ မှာ ရပ်နေတာ
အမတစ်ယောက်တည်း ရှိတာလေဗျာ။
အမကိုပဲခေါ်တာပေါ့"

"ကဲပြော ဘာလဲ "

စိတ်တိုနေတဲ့အခံကြောင့် မေးငေါ့ကာ
ဘောက်စပ်စပ်ပြန်မေးလိုက်သည်။

"ဟိုဟာ ....ကျွန်တော့်ကို ဟို အနောက်က
စွန်လေးပေးပါလား"

"ဘာတွေလဲဟာ ရူပ်ရူပ်ယှက်ယှက်"

"ယူပေးပါ ။အမရယ် အမတို့အိမ်ထဲ ကျနေတာ
သုံးရက်လောက်ရှိပြီ ။ကျွန်တော်တောင်းဖို့ကို
လူမတွေ့လို့မတောင်းဖြစ်တာပါ"

လက်အုပ်လေးချီကာ သနားသမားရုပ်ကလေးနဲ့ပြောတော့.....

"အေးအေးပြီးရော ဟိုခေါင်မိုးပေါ်က
တွဲလောင်းကျနေတဲ့ဟာမလား ။ယူပေးမယ်
စောင့်နေ ။ဘယ်လိုဟာလေးမှန်းမသိဘူး
နိုင်ငံရေးက မကောင်းရတဲ့ကြားထဲ အရူပ်ထုပ်
တွေကရောက်ရောက်လာတယ်"

မကျေမနပ်စွာ ပါးစပ်ကနေ
ပွစိပွစိရေရွတ်ကာ စွန်ကိုဖြုတ်ယူတော့သည်။

အိမ်ခေါင်မိုးပေါ်က တွဲလောင်းကျနေတဲ့
စွန်အမည်းလေးကို လက်နဲ့လှမ်းဖြုတ်ပေမဲ့
၅'၂"သာသာရှိတဲ့ ကိုယ့်အရပ်ကြောင့်
လက်လှမ်းလို့တောင် မမှီ ။နီးစပ်ရာခုံချပြီး
တက်ယူတော့ စွန်ကြိုးကိုတော့ ဆွဲမိသွားတယ်။
သို့ပေမဲ့ စက္ကူစွန်လေး ပြဲသွားမှာစိုးလို့
အားနဲ့ ဆွဲမဖြုတ်ရဲ ။

"အမ ကျွန်တော် တက်ဖြုတ်ပေးရမလားဟင်"

ခြံစည်းရိုး အပေါက်ကနေ လှမ်းချောင်း
ကြည့်ရင်းကောင်လေးက မေးတော့

Spring Collection Where stories live. Discover now