အုံမှိုင်းလာသည့် မိုးတိမ်တိုက်တွေကို ခွန်းဆက်သာတစ်ယောက် မော့ကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ် ချနေမိခဲ့သည်၊ဝေးကွာလှသည့် ရန်ကုန်ရှိ ချစ်ရသည့်သူဟာ တော်လှန်ရေးကို ဒီနေ့ပါ ပါဝင်မည့်အကြောင်း မနေ့ညကပြောခဲ့သည်ကိုး၊အခုလည်း မကြာခင်ရွာတော့မည် မိုးကိုကြည့်ရင်း သူချစ်ရသူဆီ ခွန်းဆက်သာ ဖုန်းဆက်လိုက်မိသည်၊"ဟယ်လို အစ်ကို ဘာဖြစ်လို့လဲ" တစ်ဖက်ရှိ အသံဟာ မောဟိုက်နေသည့်အသံဖြစ်တာကြောင့် သူ့ရင်ကိုသာ ပိုမိုစိုးရိမ်စိတ်သာ ဝင်စေသည်၊ဒါပေမယ့် တဖက်ကလူကတော့ အန္တရာယ်ကင်းသည့်နေရာမှာနေသည့် သူကိုပင် ပြန်လည်စိတ်ပူနေသည်၊
"ညီ..."
"အစ်ကို ဘာဖြစ်လို့လဲ"
"အစ်ကို စိတ်ပူလို့... ညီ ဂရုစိုက်နော်"
"ဟားဟား အစ်ကိုရယ် ကျွန်တော်ကို စိတ်မပူပါနဲ့... နှစ်နာရီတောင်ထိုးနေပြီ အစ်ကိုဆေးသောက်ပြီးပြီလား"
"အေး...သောက်ပြီးပြီ..."
"ညီသုတ ပြေး!ပြေး ဟိုကောင်တွေ စပစ်နေပြီ " လို့ တစ်ဖက်ဖုန်းက ကြားသည့်အသံကြောင့် ခွန်းဆက်သာ စိုးထိတ်သွားမိသည်၊ထိုနောက် ဖုန်းချသွားတာကြောင့် သူမှာ ထိုင်နေရင်း မတ်တပ်ပြန်ရပ်ကာ ဧည့်ခန်းထဲ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့်သာ...၊
ဘာမှမဖြစ်ဘူး...၊ဘာမှ မဖြစ်ဘူး ၊အရင်ရက်တွေကတောင် သူအဆင်ပြေနေသေးတာပဲလေ၊သူအဆင်ပြေမှာပါ
*Ding* messageဝင်လာသည့်အသံကြောင့် ကျွန်တော်ချက်ချင်းကြည့်လိုက်မိသည်၊
[ချစ်တယ် အစ်ကို] ဆိုသည့် ပို့လာသည့်အသံကြောင့် ခွန်းဆက်သာ နူတ်ခမ်းပင်ပြုံးယောင်သန်းသွားပြီး ပူလောင်နေသည့်ရင်ပင် အေးချမ်းသွားသည်၊
[အစ်ကိုလည်း မင်းကို ချစ်တယ်] လို့ သူပြန်ပို့လိုက်ပြီးနောက် လုပ်စရာရှိတာများကို ဆက်လုပ်နေခဲ့သည်၊နေပြည်တော်ဘက်မှာ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်တာကြောင့် သူတတ်နိုင်သည်ဟာ နွေဦးတော်လှန်ရေးက သူရဲကောင်းလူငယ်လူရွယ်တို့ကို အဆင်ပြေပါစေလို့ ဆုတောင်းပေးနိုင်ရုံသာ၊ထိုနောက် လုပ်စရာသိပ်မရှိသည့် သူဟာ အမြဲ သုံးနာရီကနေ ထမင်းမစားခင် ၆နာရီထိ စိတ်ငြိမ်အောင် ပန်းချီဆွဲနေတတ်သည်၊