သူမပြောတဲ့ မှားယွင်တစ်ခု

380 20 2
                                    

"မင်းသေချာလို့လာ"

"ငါလုံးဝသေချာပါတယ်
ပြီးတော့ နင်က သေလူလေ၊ နင်က မိန်းကလေး လေ
နင့်မှာ ငါမက်မောစရာဘာရှိလဲ
ငါက မောင့်ကို ပဲ ချစ်တာ"

ဒါဆို ငါ့ကိုလည်းမောင်လို့မင်းခေါ်ခဲ့တာပဲလေ။
မင်းက မင်းစိတ်ထဲ ငါ့ကိုမရှိတော့တဲ့အခါ မောင်ဆိုတဲ့ နာမ်စားလေးဟာ အမြဲတမ်း တခြားတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်သွားတက်တယ်နော်။

အကြောင်းပြချက်က ငါက သေလူမို့တဲ့လား
ငါက မိန်းကလေး မို့တဲ့လား။

"နောက်ဆုံးတစ်ခေါက်တုန်းကလည်း အဲ့လိုပဲ မင်းပြောသွားခဲ့ပြီး
ငါ့ဆီပြန်လာခဲ့တယ်မလား"

ဆိုတော့ ဒီတစ်ခါ အတည်ပါတဲ့။

ချခင်းထားတဲ့ ငါ့နှလုံးသားက အထိအခိုက်မခံဘူးဆိုတာကို မင်း
ဘယ်အချိန်မှ နားလည်နိုင်မှာလဲ။

"ငါ့မင်္ဂလာပွဲ ဆက်ဆက်လာခဲ့နော်"

အမျိုးသားတစ်ယောက်ရဲ့ လက်ကို ချိတ်လို့
ပြုံးနေတဲ့မင်းက ငါ့ကို လာလှောင်နေတာလား။

"အရင်က အတိုင်းအတာတစ်ခုအထိ ပတ်သက်ခဲ့ကြဖူးတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်"

မျက်နှာမကောင်းပြနေတဲ့မင်းက ငါ့ကိုသရော်နေတာလား။

စိတ်ချ ငါမင်းမင်္ဂလာပွဲကို လာမှာ။

"သတို့သား နဲ့သတို့သမီး နမ်းလို့ရပါပြီ "

ဘုန်းတော်ကြီးကပြောတော့ မင်းက ငါ့ကို ကြည့်တယ်နော်

အဓိပ္ပာယ် က မင်းကြည့်နေလိုက်
မင်းမဟုတ်တဲ့ တခြားအမျိုးသားရဲ့ နှုတ်ခမ်းကို နူးနူးညံ့ညံ့ ကြင်ကြင်နာနာ ငါနမ်းရှိုက်ပြတော့မယ် ဆိုတဲ့ အကြည့်တွေနဲ့။

မြေပြင်ပေါ် ဒဏ်ရာတွေဗလပွဖြစ်နေတဲ့ ငါ့နှလုံးသားအပေါ် ဒေါက်ဖိနပ် စီးပြီး
စွေ့စွေ့ခုန်ပြနေတဲ့မင်း။

မင်းနိုင်ပါတယ်။
အစထဲက နာကျင်မှု ကိုသိပ်ကြောက်တက်တဲ့ငါ
သေဆုံးမယ့်ရက်ကို လက်ချိုးတွက်နေနေရတဲ့ငါ
အမျိုးသား မဟုတ်တဲ့ငါ

အဲ့ဒီလို ဘာတစ်ခုမှမပြည့်စုံတဲ့ ငါ့ကို မင်း
အပြတ်အသတ် အနိုင်ရသွားပါတယ်။

one shot collection Where stories live. Discover now