part-1

121 6 0
                                    

Zawgyi...

ဒီညတော့ ညဥ့်ရောင်သမ်းတဲ့ကောင်းကင်ပြာထက်မှာ ရွှေအိုရောင် တလွင့်လွင့်ပျံသမ်းနေတဲ့ မီးပုံပျံတွေက သေးသိမ်ပြီး လှပတဲ့ ကြယ်တွေအစား နေရာယူထားလို့...

ထိုမီးပုံးပျံတို့က လူသားတွေရဲ့ နှလုံးသားတွေကိုပုံဖော်သွင်းထားတဲ့
တခုတည်းသော ဆန္ဒတွေပြည့်ဝဖို့အတွက်
ရည်ရွယ်ထားသတဲ့...

မီးပုံးပျံပွဲတော်ရဲ့ လူအုပ်ကြားထဲ
ထိုကောင်လေးရဲ့ ဆန္ဒတွေကရော...
တစ်စုံတယောက်အတွက်..သူ့နှလုံးသားကို
ပုံဖော်ပေးနေလိမ့်မလား...

" ငါတို့ အဖန်ဖန်အခါခါ လျှောက်လှမ်းနေတဲ့ ဒီလောကကြီးထဲမှာ မင်းနဲ့ နောက်ထပ် ဆုံတွေ့ရဖို့ ဆုတောင်းလိုက်ပါတယ်..."

XXXXXXXXXXXXXXXXX

"ဟိုမှာ မကောင်းဆိုးဝါး ရှိနေတယ်..ပြေးကြ ပြေးကြ..."

မျိုးနွယ်စုခေါင်းဆောင်လူကြီးက အချက်ပြသတိပေးတော့ ရွာသားတွေက အားကုန်ရုန်းခက်ရင်း အပြေးအလွှားနဲ့ ပြေးကြသည်။ မြင်ကွင်းသည် အခုမှပို၍ ရှုတ်ရှက်ခက်လာနေသလို.
ပြေကြလွှားကြနဲ့ကြောက်အားပိုနေတဲ့ ရွာသားတွေရယ်... ဒေါသတကြီး တိုက်ခိုက် သတ်ဖြတ်နေတဲ့ သူရယ်...

မီးထုတ်တွေကိုင်ဆောင်ရင်း ဟိုပြေးဒီပြေးလုပ်တော့ မီးစတွေလွင့်ခါ ရွက်ဖျင်တွေနှင့်ဆောက်လုပ်ထားသော အိမ်ခေါင်မိုးတွေပေါ်မှာ မီး​တွေသည် အဆက်မပျက် တောက်လောင်လို့...

"မကောင်းဆိုးဝါး..ငါတို့ရွာကို ကျိန်စာတိုက်လိုက်ပြီ..အားလုံးသေကြရတော့မှာ.."

ကြောက်အားပိုခါ သေရတော့မည်ဟု ငိုကြွေးနေသော ရွာသားတွေ တယောက်ချင်းစီသည် ထိုမကောင်းဆိုးဝါးရဲ့ မျက်မှောက်ရှေ့တဖြုတ်ဖြုတ်​ကြွေကျနေသော ပန်းပွင့်တွေလိုမျိုး သွေးပွက်ပွက်အန်ပြီး လဲကျသေဆုံးနေကြတယ်...

အဲ့ မကောင်းဆိုးဝါးကတော့ အေးစက်ကြောက်လန့်ဖွယ်ရာ အပြုံးကြီးကို အဆက်မပျက်ပြုံးထားဆဲလေ...

" ဒဏ္ဌာရီတစ်ပုဒ်ရှိတယ်..မကောင်းဆိုးဝါးရဲ့ဒေါသကို သွားနှိုးတဲ့သူတိုင်း သွေးချောင်းစီးပြီးသေရမယ်... မကောင်းဆိုးဝါးက မင်းကိုစားရင် မင်းဝိဉာဉ်က ဘယ်တာ့မှ သူ့လက်ထဲက လွတ်မှာမဟုတ်ဘူး... ထာဝရ မင်းက ရုပ်သေးတစ္ဆေအဖြစ် သူ့ဆီမှာ ကျွန်ခံရလိမ့်မယ်... မကောင်းဆိုးဝါးဆီမှာ နှလုံးသားဆိုတာမျိုးဘယ်တော့မှမရှိဘူး..
သူဟာ ထာဝရရှင်သန်သူ... ပြီးတော့ မင်းကိုစားလိမ့်မယ်.."

The Genic...Where stories live. Discover now