Zawgyi...
"ရှောင်ကျန့်...."
ရိပေါ်ရဲ့ ခေါ်သံတိုးတိုးလေးကြောင့် ရှောင်ကျန့်အနောက်သို့ ဖျတ်ခနဲ လှည့်ကြည့်မိပါသည်...
အေးစက်သောသူ့အကြည့်တွင် ညှင်သာမှုနည်းနည်းမှမတွေ့ရ... ရက်စက်မှုအလုံးစုံတို့ပါဝင်သော အပြုံးတို့က အဲ့နှုတ်ခမ်းရဲရဲတွင် ထင်ရှား ပေါ်လွင်နေသယောင်... ပြီးတော့ အလွန့်အလွန်ကို ဆွဲဆောင်နေသော မှဲ့နက်ကလေးက ရာဇဝင်တစ်ခုအား ရည်ညွှန်းနေသောပုံစံ...ဝမ်းနည်းမှုတို့ကို ဖော်ပြနေ ပါသည်...ဘာမှန်းမသိ...ဒီနေ့တော့ ရိပေါ်ရင်ထဲ ခံစားချက်တွေသိပ်မကောင်းပေ....
"ဘာမှမဟုတ်ဘူး..သွား.. သွား.."
ရိပေါ် မျက်နှာကိုအမြန်လွှဲရင်း ဘေးက အားဇီရှိရာသို့သာ အာရုံလွှဲလိုက်တော့သည်.. ။
"ရိပေါ်..နေလို့ကောင်းရဲ့လား..မျက်နှာကလည်း ဖြူဖတ်ဖြူလျော်နဲ့..."
"အင်း...ခေါင်းကိုက်နေလို့ ဆေးပေးခန်းသွားလိုက်ရင် သက်သာသွားမှာပါ..."
ရိပေါ် ပြောပြောဆိုဆိုနှင့် ဆေးပေးခန်းသို့သွားရန်ပြင်လိုက်သော်လည်း ရိပေါ်ရဲ့ ခြေလှမ်းတွေသည် ကော်ရစ်တာဘက်မှာ ခဏတာရပ်တန့်သွားလေသည်...တကယ်တော့ သူခေါင်းကိုက် နေတာမှမဟုတ်ဘဲ...
ကော်ရစ်တာတလျှောက် တိုက်ခက်လာသော လေပြေတွေက သိပ်ကိုလတ်ဆက်လွန်းသည်..ရိပေါ် အကျောအချဉ်တွေလျှော့ရင်း ထိုလေပြေတွေကိုတဝကြီးရှူရှိုက်ပစ်လိုက်သည်...
"ငါမင်းကို တစ်စချင်းဆီ ရိုက်ချိုးပစ်မယ်..စောက်ကလေးစုတ်.. အချိုးမပြေတာတွေပါ ပြေလာအောင်လုပ်ပေးမယ်..."
...........xxxxxxx...........
"ရှောင်ကျန့်...."
အတန်းစတိတ်စင်ပေါ်က ရုတ်တရက် အော်ခေါ်လိုက်သူသည် ရိပေါ်ပင်...
ရှောင်ကျန့်ရဲ့မျက်လုံးသဝိုင်းဝိုင်းလေးတွေသည် ပြူတင်းပေါက်ထံမှတဆင့် စတိတ်စင်ပေါ်က ထိုသူရှိရာထံ ခပ်ဖြေးဖြေး အကြည့်လွှဲလိုက်လေသည်...
လေပြေနှင့်အတူရောပါလာသော ပြူတင်းပေါက်ဆီကလိုက်ကာ ဖွေးဖွေးသည် ရှောင်ကျန့်မျက်နှာအား ညှင်သာစွာ ရိုက်ခက်သွားသောထိုအချိန်မှာ...