Zawgyi..
......
တိတ်ဆိတ်သော ကျောင်းဝန်းကျင်ထိုနေရာလေးသည် သာယာမှုအပေါင်းတို့ခညောင်းလို့....ဝါးပင်တွေကြီးစိုးရာ မြေနံ့သင်းသင်းကိုပါရသော ထိုကျောင်းရဲ့ နေရာလွတ်လေးအား သူကလွဲလို့ အခြားမည်သူမှ ရောက်၍မလာတက်ချေ...
ဒါပေမဲ့ ဒီကနေ့တော့......
"မင်းဘဲလား..."
ရှောင်ကျန့်ရဲ့အနောက်မှ အသံထွက်လာသူ...ရှောင်ကျန့် လှည့်မကြည့်ဘဲ ခေါင်းသာ အသာညှိမ့်ပြမိသည်...
"ဆေးလိပ်ခိုးသောက်မလို့ကို..ကျစ်..အာရုံနောက်လိုက်တာကွာ...မင်း ဆရာမကိုပြန်တိုင်လို့ကတော့ နာပြီသာမှတ်..."
ရှောင်ကျန့် ရိပေါ်အား ထပ်၍ ခေါင်းညှိမ့်ပြမလာတော့ပါ... သူ့ဘက်က ထိုနေရာလေးနှင့်အပြိုင် တိတ်ဆိတ်သွားသည်..
"ဒါနဲ့ မင်းရော ငါ့လိုအတူတူဘဲလား...."
လက်ထဲက စီးကရက်လေးအား နှုတ်ခမ်းနှစ်လွှာကြားသို့ ခပ်ဖွဖွညှပ်ရင်း မီးတစ်ချက်ညှိယူလိုက်သည်။ စုပ်ဖွာလိုက်သော စုပ်ချက်တစ်ချက်သည် မီးခိုးငွေ့တို့နှင့်ဖွာခနဲ ပျံ့ကျဲသွားလေသည်..
"တစ်ဆိတ်...ငါ ဆူညံနေတာတွေ သိပ်မကြိုက်ဘူး.."
ထိုကောင်လေးရဲ့ အေးတိအေးစက် စကားကလေးကြောင့် ဝမ်ရိပေါ်ရဲ့မျက်လုံးအိမ်သည် ပြူးဝံ့ပြီး မျက်ခုံးတို့က အပေါ်သို့အနည်းငယ်မြင့်တက်သွားသယောင်...အသံကတိုးရှတာမှန်ပေမဲ့ ထိုနေရာလေးရဲ့ တိတ်ဆိတ်မှုအရှိန်အဟုန်ကြောင့် ရိပေါ်နားထဲ ပြက်ပြက်သားသားကြားခဲ့ရသည်မှာအမှန်...
"ဘာ.."ဟူသော အာမေဋိတ်သံနောက်မှာ ဒေါသတန်းကြီးတစ်ခုက ကပ်၍ပါလာလေသည်...
ထိုစဉ်ရုတ်တရက် မတ်တပ်ထရပ်လိုက်သောသူသည် ရိပေါ်ဘေးမှ သိမ်မွေ့သောခြေလှမ်းတို့နှင့် ဖြတ်လျှောက်သွားသူသည် သူ့အား ထိပ်လန့်မှုအခြေအနေတစ်ခုအားပေးစွမ်းလျှက်သာ...
"ရိပေါ်....ရိပေါ်...."
အဝေးတနေရာမှ အပြေးရောက်ချလာပြီး ရိပေါ်လက်မောင်းအား ဖတ်တွယ်လာသူသည် အားဇီကိုယ်တိုင်ပင်...