Part-10

4.8K 339 8
                                    

Lu : Sehun လွှတ် ငါ့လက်ကိုလွှတ် ငါ ငါ သရုပ်မဆောင်တတ်ဘူး သီချင်းဆိုခိုင်းလေ ကပြီးဆိုပြမယ် ကြိုက်တာခိုင်းပါဟာ ဒါ ဒါတော့မရဘူးနော်

Sehunကသူမ တောင်းပန်လေ ပိုခိုင်းချင်လေပဲ

Hun : လာပါဟာ ငါကပြောပြမယ်လေ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာ နော် ရလား

Lu : ဟင့်အင်း မရဘူး

Hun : နင်ပြောတော့ ငါဘာခိုင်းခိုင်းလုပ်မယ်ဆို အခုခိုင်းမယ် ငါနှင့်သရုပ်ဆောင်ရမယ် ဘာမှထပ်မပြောနဲ့

Lu သူ့စကားနှင့်သူမို့ ပါးစပ်ပိတ်သွားရသည် ငါတော့သေတော့မှာပဲ Sehunရာ

အားလုံးက တိုးတိုး တိုးတိုးနှင့် ဘာတွေကြိတ်ပြောနေမှန်းမသိလို့ ဒီအတိုင်းစောင့်ကြည့်နေကြပါသည် ပွဲကစနေပြီလား စိတ်ဝင်စားနေကြသည် အဓိက ကတော့Oh Sehunကိုပေါ့နော် ဒီကောင်လေးက ရုပ်ချောတော့ Luကိုအားကျတဲ့သူတွေချည်း Oh Sehunနှင့်အတူတူသရုပ်ဆောင်ချင်ကြတယ်လေ

Lu : Se......hunnn အာ ဟွာလေ ငါ ငါ

Sehun သူမရဲ့နှုတ်ခမ်းတွေကို လက်ကလေးနှင့်ပိတ်လိုက်တယ်

Hun : ဘာမှထပ်မပြောနဲ့ ဘာစကားသံမှမကြားချင်ဘူး နင်ဆီက ဟင့်အင်းဆိုတဲ့ စကားကိုအမုန်းဆုံးပဲ ဒါကြောင့် တိတ်တိတ်လေးနေပေးကွာ နော်

Luလက်တော့မခံချင် ဒါပေမယ့် ပါးစပ်ကြီးပိတ် ခေါင်းကြီးငုံနေတော့ Sehun ကြံရပြန်ပြီ

Hun'pov : အားဟား ဒီကောင်မလေး ငါခိုင်းတာကို ငြင်းရဲတာလည်းမဟုတ်ဘူး ရုပ်ကလုပ်ထားပြန်ပြီ ငါပဲ ဇာတ်လမ်းထွင်ရတော့မယ် ဂါးးးး

Hun : Yar နင်က အဲလိုရုပ်ဖြစ်နေတာလား တော်ပြီ သွားကွာ ဘယ်တော့မှ အကူအညီမတောင်းဘူး သွား သွား ထွက်သွားအခုချက်ချင်း

Lu : အမ် အဲလိုမဟုတ် .........

Hun : ဟန်မဆောင်ပါနဲ့တော့ဟာ ထွက်သွားလိုက်တော့

အားလုံးကစောင့်ကြည့်နေတယ်ဆိုတော့ ပီပြင်ရမယ်လေ မျက်နှာကို အားအင်တွေမရှိတော့တဲ့ ပုံစံမျိုးလုပ်ထားသည်

Stu : အဲလဲ့ အဲလဲ့ ရုပ်ကြီးကပြင်ပီလိုက်ပုံများ နှိုင်းရက်စရာမရှိဘူး

My AngelWhere stories live. Discover now