ကွင်းပြင်ကျယ်ကြီးထဲက အုတ်ဂူလေးတစ်လုံးရဲ့ရှေ့မှာ ၅နှစ်အရွယ်ကောင်မလေးတစ်ယောက် အသက်အရွယ်နဲ့မလိုက်အောင် ခံစားချက်များကြောင့် မျက်ရည်များ ကျဆင်းလို့နေသည်
မိုးစက်များကလဲ မျက်ရည်များနဲ့တူ ကျဆင်းလျက် လောကကြီးတစ်ခုလုံးကလဲ အုံ့ဆိုင်းလို့နေ၏
ဘေးနားက ၁၀နှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ ထိုကောင်မလေးရဲ့ဘေးနားကနေထီးကလေးကိုမိုးပြီး ထိုကောင်မလေးရဲ့မျက်ရည်စတွေကိုသုတ်ပေးနေသည်
"Oppa , Omma ကပြန်မလာတော့ဘူးလား"
ငိုသံတွေကြားထဲမှ မေးလိုက်ချင်းဖြစ်၏
"Omma ကကောင်းကင်ဘုံကိုရောက်သွားတာ အဲ့ဒီကနေ Tzuyu လေးကို လှမ်းကြည့်နေမှာမို့ Tzuyu လေးငိုနေရင် Omma ကစိတ်မကောင်းဖြစ်မှာပေါ့"
"အဲ့လိုလား အဲ့တာဆို Tzu မငိုတော့ဘူး"
အရွယ်နဲ့ပင်မလိုက်အောင်ရင့်ကျက်လှသော ထိုကောင်မလေးက အကိုဖြစ်သူရဲ့စကားကိုကြားတော့ ချက်ချင်းပင် အငိုတိတ်သွားသည်
"Oppa တို့ပြန်ကြရအောင်"
"Nae Oppa"
မောင်နှမနှစ်ယောက်လက်ချင်းတွဲကာ Mrs Chou ရဲ့အုတ်ဂူရှိရာမှ ပြန်လာခဲ့လိုက်သည်
တခါတလေတော့လဲ ဘဝက ထင်သလောက်မလွယ်ခဲ့ပေ ခက်ခဲကြမ်းတမ်းတဲ့အရာတွေကို ရင်ဆိုင်ဖို့ အသက်အရွယ်ရွေးမနေခဲ့
ထိုကောင်မလေးလဲ ထိုနည်းတူပင် ငယ်ငယ်ရွယ်ရွယ်နဲ့ပင် မိခင်တစ်ယောက်ဆုံးပါးခဲ့ရသလို အလုပ်များဖြင့်အချိန်မပေးနိုင်သော ဖခင်၏ ချစ်ခြင်းမေတ္တာကိုလဲ ငတ်မွတ်ခဲ့ရ၏
သူမကို အရမ်းချစ်သော အကိုဖြစ်သူ Chou Dam တစ်ယောက်ရှိနေလို့သာ သူမရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့သည်
"Oppa ပုံပြင်ပြောပြ"
အိပ်ရာထဲတွင်မအိပ်နိုင်ဖြစ်နေသော ထိုကလေးမလေးအား နဖူးလေးကိုလက်ဖြင့်ပွတ်ရင်း ရွှေယုန်နှင့် ရွှေကျား အကြောင်းပြောပြလိုက်သည်
ပုံပြင်လေးရဲ့အဆုံးမှာတော့ ထိုကလေးမလေးကမေးခွန်းပေါင်းများစွာနှင့်ဖြစ်နေခဲ့သည်
