"အဲ့နေ့ညက Jeonပြန်လာတာ...
လက်မောင်းတခုလုံးသွေးတွေနစ်နေပြီး
ခြေထောက်ကလည်းထောက်ဖို့မလွယ်ကူခဲ့ဘူး....
ကျတော်နဲ့သူအတူတူရှိခဲ့တဲ့နေ့တွေတလျှောက်လုံး
အန္တရာယ်များတဲ့အလုပ်တွေကိုအများကြီး
လုပ်ခဲ့တယ် ဒဏ်ရာတွေလည်းရခဲ့ဖူးတယ်...
ဒါပေမယ့် မွေးကတည်းက သေနတ်တွေ
ကျည်ဆံတွေ ဓားတွေ တုတ်တွေနဲ့ဖက်ကြီးခဲ့ရတော့
ကျတော်တို့အသေးအမွှားလောက်ပဲထိခိုက်ခဲ့ကြတာ
နည်းနည်းပါးပါးပေါ့..ဒီလောက်အများကြီးထိလာတာ
ပထမဆုံးမြင်ဖူးတာမို့ကျတော်ထင်ခဲ့တာ
သူ စခန်းတခုခု အကွက်တခုခုကို သွားသိမ်းလို့
အင်အားအများကြီးနဲ့တိုက်ခိုက်ခံလာရတယ်ပေါ့
ရီစရာကောင်းတာကလေ....".......
"JEon!!!ဘယ်လိုဖြစ်လာတာလဲ"
သွေးတွေရဲကာပြန်လာသောခေါင်းဆောင်အား
အားလုံးကအထူးအဆန်းလိုလိုက်ကြည့်ကာ
အလုပ်ကိစ္စလည်းမရှိဘဲ
ဘာလျှို့ဝှက်စစ်ဆေးရေးတွေလုပ်လို့ဒဏ်ရာ
အများကြီးရလာသလဲဆိုတဲ့မျက်လုံးများဖြင့်
စုပြုံကြည့်ကြသည်။"ဘာမှမဖြစ်ဘူး ထယ်...နည်းနည်းပဲ...."
"မင်းဟာက နည်းမလား ပြောစမ်း ဘယ်ကောင်
လုပ်တာလဲ"ထယ်သိချင်သလိုပဲ..အားလုံးလည်းသိချင်လှပါသည်။
ခေါင်းဆောင်Jeonကို စေ့စေ့တောင်မကြည့်ရဲ
ကြသော လောကကြီးမှာ ဘယ်သူကဓားနဲ့ထိုးရဲ
ခဲ့သလဲ။တချက်တောင်မဟုတ် တချက်ထက်ပိုစွာ။
သူတို့အားလုံးအံ့ဩလွန်း၍ယောင်ယောင်မှားမှား
တွေတောင်ဖြစ်ခဲ့သည်။"ထွက်သွားကြ...."
အေးစက်စက်ခေါင်းဆောင်၏အသံကြောင့်
သိချင်သော်လည်း ဆက်မနေရဲပါ...။
သိချင်လှသောစိတ်များအားခေါက်သိမ်းလျှက်
အခန်းပြင်ထွက်ခဲ့ရသည်။Jeonသည်အကျီအားဆွဲချွတ်ကာအနာကို
ကိုယ်တိုင်အရက်ပြန်လောင်းချသန့်စင်လျက်
လုပ်စရာရှိတာကိုလုပ်နေသည်။
ထူးဆန်းလွန်းတာက Jeon ဆေးထည့်ရင်း
ပြုံးရွှင်နေခဲ့တာ..။တယောက်ယောက်ဆီကရလာသော
သိပ်ကြိုက်လှသောလက်ဆောင်လေးကို
တဖွဖွကြည့်လိုက် ကျေနပ်လိုက်
ပြုံးမိလိုက်ဖြစ်သလို သွေးမတိတ်သော
ဒဏ်ရာနက်နက်အား ကြည့်ပြီး
ကြိတ်ပြုံးနေခဲ့တာ...။
YOU ARE READING
My Crown Prince 🤴🏼
Romanceအစွန်အထိ အဆုံးအထိ....သံသရာအလွန်တွေအထိ ချစ်နိုင်သမျှတွေရဲ့...အရာခပ်သိမ်းအထိ သွေးစွန်းခဲ့သော....စိတ်ဝိဥာဉ်ဆိုပေမယ့် အိမ်ရှေ့စံလေးကိုဖြင့် ခစားရရုံနဲ့ ပွန်းပဲ့သွားမှာ ကြောက်ခဲ့တယ်...။