🤴🏼Ending🤴🏼

23.2K 2K 334
                                    


တစ်နိုင်ငံလုံးရဲ့လမ်းတွေပေါ်မှာကောင်းချီး
ပန်းရောင်စုံတွေကြဲချတဲ့နေ့......

ပြည်သူပြည်သားအားလုံးလမ်းပေါ်ထွက်ကြကာ
ဝတ်ကောင်းစားလှများဖြင့်အကြိတ်အနယ်
တိုးဝှေ့ပျော်ရွှင်ပေးနေတဲ့နေ့.....

၂၁ရာစုတောင်ကိုရီးယားနိုင်ငံတော်ရဲ့
အိမ်ရှေ့စံမင်းသားလေး လက်ဆက်မင်္ဂလာပွဲ
ကျင်းပနေတဲ့နေ့.......

ကမ္ဘာအရပ်ရပ်ကMediaများနဲ့
TVတွေ...Social Platform တွေအပေါ်
တိုက်ရိုက်Liveလွှင့်ကာ နိုင်ငံတနိုင်ငံရဲ့
ယဉ်ကျေးမှုနဲ့ ခမ်းနားကြီးကျယ်မှုသော
ပြယုတ်တွေကို အသေးစိတ်ပြသနေတဲ့နေ့......

အိမ်ရှေ့စံက ကြင်ယာတော်မင်းသမီးလေးရဲ့
လက်နုနုလေးကိုဆုပ်ကိုင်ထားတယ်.....။

အိမ်ရှေ့စံ ပြုံးမနေပါ...
အထူးအဆန်းတော့မဟုတ်.အိမ်ရှေ့စံကပြုံးရီတာ
ကို တနိုင်ငံလုံးဘယ်သူတစ်ဦးတယောက်ကမှ
မြင်ဖူးခဲ့တာမဟုတ်ဘဲ....။

အိမ်ရှေ့စံဟာကြင်ယာတော်လေးအားစကား
တချ်ု့ကပ်ပြောနေခဲ့သေးတယ်....
ကြင်ယာတော်မင်းသမီးလေးကတော့ရိုသေစွာ
ခေါင်းညိတ်လျှက် နားထောင်ပေးနေတယ်...။

မြို့ထဲသို့ လှည့်လည်နူတ်ဆက်နေသော
အိမ်ရှေ့စံနဲ့ ကြင်ယာတော်တို့အား
Hotelတခု၏အမြင့်ဆုံးအထပ်တနေရာမှ
လူတယောက်ဟာ....ငေးကြည့်နေခဲ့တယ်....။

အိမ်ရှေ့စံက ကြင်ယာတော်ရဲ့လက်ကလေးကို
ဆုပ်ကိုင်ထားလိုက်တိုင်း

အိမ်ရှေ့စံအပေါ်ပန်းပွင့်လေးတွေဝဲချလိုက်တိုင်း

ကြင်ယာတော်လေးအားစကားတချို့ကပ်ပြော
လိုက်တိုင်း.....

အိမ်ရှေ့စံရဲ့ လှုပ်ရှားမှု တချက်ချင်း တရပ်ချင်း
ကိုကြည့်ကာ...မျက်တောင်မခတ်မိခဲ့.....။

"သူကတော့ပျော်နေတော့တာပဲ..."

မျက်တောင်ဖျားတွေစိုစွတ်လာတဲ့အခါ....
ထိုခံစားမှုသည် ဖြတ်သန်းခဲ့သော
၂၅နှစ်လုံးလုံး ဒုတိယအကြိမ်..မျက်ဝန်းထဲမှ
မျက်ရည်စတို့လျှံထွက်လာမှု....
ပထမဆုံအကြိမ်က ဆာကူရာပန်းတွေအောက်
ပျော်လွန်းလို့ကျခဲ့ရတာ...။

My Crown Prince 🤴🏼Wo Geschichten leben. Entdecke jetzt