Part 5

4.4K 565 74
                                    

"ရှောင်းကျန့် မင်းက​ပြောတော့ မင်းသမီးနဲ့မိတ်ဆက်ပေးလေ ဘာလေးနဲ့ပြောပြီးတော့ ငါနဲ့သူနဲ့စကားပြောနေတဲ့အချိန်ကျတော့ မင်းကဘာလို့ အနားရောက်မလာတာလဲ ငါလည်းသူနဲ့စကားပြောနေရာကနေ မင်းကိုထရှာဖို့ အဆင်မပြေလို့''

နှစ်ယောက်သား ဘေးလူတွေမကြားအောင် တိုးတိုးတိတ်တိတ်ပြောနေရပုံက မသိရင် သူတို့ချင်းက သမီးရည်းစားတွတ်တီးတွတ်တာပြောနေပုံနဲ့တူနေတယ်ဆိုတာ သူတို့မရိပ်မိ။

Trainer ကို စကားစမြည်သွားပြောရင်း မင်းသမီးကို သူ့ဖန်ပါ ဘာညာနဲ့ ဝင်လုံးလိုက်တာအဆင်ကိုပြေလို့။

ကံကောင်းချင်တော့ မင်းသမီးက အခြေကြီးတဲ့ရွှေမင်းသမီးမဟုတ်ပဲ စကားပြောရတာ အတော်လေးအဆင်ပြေချောမွေ့လွန်းနေတာမို့ ရိပေါ်ဖြင့် ယုံတောင်မယုံနိုင်ပါဘူးဆို။

သူက PR agency မှာလုပ်တဲ့သူမို့ အထာနပ်ပြီး အပြောအဆိုညက်တယ်ဆိုပေမယ့် ခု မင်းသမီးလေးနဲ့က မှန်းထားတာထက်တောင် တစ်ဖက်ကမ်းခတ်အဆင်ပြေနေသေးသည်။

"အေးဟုတ်တယ် ငါမင်းကိုမိတ်ဆက်ပေးခိုင်းမလို့ပဲ ဒါပေမယ့် သေချာပြန်စဥ်းစားကြည့်လိုက်တော့ကွာ ပထမဦးဆုံးGymကိုJoinတဲ့နေ့မှာတင် သူနဲ့သွားပြီးမိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် သူကြောင့်ပဲဒီကိုလာတယ်ဆို အရမ်းသိသာသွားမှာပေါ့ သူ့အမြင်မှာငါကသူ့ကိုငမ်းငမ်းတက်​ဖြစ်နေတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး''

"အဲ့ဒီတော့ မင်းကသူ့ကို ငမ်းငမ်းတက်ဖြစ်နေတာ မဟုတ်လို့လား''

ရိပေါ်က မဲ့ကာရွဲ့ကာမေးလိုက်တော့ ရှောင်းကျန့်က တဟားဟားနဲ့အော်ရယ်ပြီး သူ့ပုခုံးကိုလာဖက်တယ်။

"ဟုတ်တော့ဟုတ်တယ်လေကွာ ဒါပေမယ့်မိန်းကလေးတွေက သိသာသိမမြင်စေနဲ့တဲ့၊ စိတ်ထဲရှိတာတွေအကုန်လုံး မိန်းကလေးတွေကို ထုတ်ပြောလို့မှမကောင်းတာ မင်းလည်းသိသားနဲ့''

"ဟုတ်ပါပြီ ကိုနည်းစနစ်ကြီးရယ်၊ မင်းမှာ ဉာဏ်နီဉာဏ်နက်တွေဘာတွေ အကုန်ရှိပါတယ် ဟုတ်ပြီလား''

"အေး ဟုတ်တယ် မင်းကတော့ ဉာဏ်အစိမ်းရောင်လေးပေါ့''

အစိမ်းရောင်ဆိုရင် အရူးအမူးကြိုက်တတ်တဲ့ရိပေါ်ကို ရှောင်းကျန့်က ဉာဏ်အစိမ်းလေးလို့တစ်ခါတစ်ခါ စနောက်ပြီးခေါ်လေ့ရှိတယ်။

Breaching of the "Bro Code" {Completed}Where stories live. Discover now