Part 17

4.3K 511 61
                                    


Breaching of the Bro Code Part 17

"ညှော်နံ့ကဘယ်ကထွက်နေတာလဲ ဘိုဝမ်ရေ မင်းဘာလုပ်နေတာလဲ''

မနေ့ညက ဟောက်ရွှမ်း ရုံးကအိမ်ပြန်ရောက်တာ နောက်ကျတာမို့ စနေနေ့မနက်ပိုင်း နေမြင့်တဲ့အထိ အိပ်ပျော်နေတုန်း နှာခေါင်းထဲဝင်လာတဲ့ ညှော်နံ့ကြောင့် ဘိုဝမ့်ကိုအော်မေးလိုက်တယ်။

ခါတိုင်းဒီလိုအချိန်ဆို ချက်ပြုတ်နေတာ ဘိုဝမ်ပဲရှိတာမို့ သူ ဘိုဝမ့်ကိုအော်မေးလိုက်တာ၊ ဒါပေမယ့် ဘိုဝမ့်ဆီက အဖြေပြန်မလာဘူး။

နှာခေါင်းထဲမှာ တူးနံ့က ပိုပြီးအနံ့တွေလှိုင်လာသလို ဘိုဝမ်ကလည်း ပြန်မဖြေတာမို့ ဟောက်ရွှမ်းလည်းမနေသာတော့ပဲ အခန်းထဲကထွက်ကာ မီးဖိုချောင်ဖက်ကို သွားကြည့်ရတော့တယ်။

တော်ကြာ ကျေးဇူးရှင်ဘိုဝမ်က ဟင်းအိုးတန်းလန်းထားပြီး အိမ်သာတွေဘာတွေများဝင်နေတာဖြစ်နေအုံးမယ်ထင်ပြီး သူမီးဖိုထဲဝင်ကြည့်တော့ သူထင်သလို ညှော်နံ့ကိုဖန်တီးတဲ့သူက ဘိုဝမ်မဟုတ်ပဲ သူတတ်နိုင်သမျှစကားမပြောချင်တဲ့ စုန်ကျိရန်ဖြစ်နေတယ်။

"ညှော်နံ့ကဘာဖြစ်တာလဲ''

စကားမပြောချင်ပေမယ့် ဘာဖြစ်လို့ညှော်နေသလဲဆိုတာ သိချင်တာမို့ ဟောက်ရွှမ်းခပ်ဆတ်ဆတ်မေးလိုက်တော့ ကျိရန်က မျက်နှာခပ်မဲ့မဲ့နဲ့ ပြန်ဖြေတယ်။

"ဟို ဟို ''

"တဟိုဟိုနဲ့လုပ်မနေနဲ့ ဘာဖြစ်တာလဲ''

စုန်ကျိရန်က ဟောက်ရွှမ်းနဲ့စကားပြောပြီဆိုရင် အထစ်ထစ်အငေါ့ငေါ့နဲ့ လိုရင်းကို မရောက်နိုင်တာမို့ သူထပ်အော်လိုက်တော့မှ အဖြေစကားထွက်လာတယ်။

"အကျီမီးကျွမ်းသွားတာ''

"မင်းကလည်း ဒီအသက်ဒီအရွယ်ရောက်နေပြီ အကျီမီးပူတိုက်တာတောင် မီးကျွမ်းအောင်တိုက်ရသလား''

"ဟို ငါ ဟိုဘက်မှာ အဝတ်လျှော်စက်က အသံမြည်တာနဲ့ သွားလုပ်နေတုန်း မီးပူကိုမီးပိတ်ဖို့မေ့ခဲ့လို့''

ကျိရန်က သူ့ပုံစံအတိုင်း ခပ်တိုးတိုး ပြောတယ်။ သူကျိရန်ကို သဘောမကျတာ အဲ့တာကြောင့်ပဲ။

Breaching of the "Bro Code" {Completed}Where stories live. Discover now