ဝမ်ငယ်ရေ
နေကောင်းလား?!?
ခုတလော ယူ့အကြောင်းရေးတဲ့ fanficတွေ ဖတ်ဖြစ်တယ်
Before I Let You Goဆိုတာလေးက ဖတ်ပြီးသွားတာတောင် ကိုယ့်ရင်ထဲ စွဲကျန်နေခဲ့တယ်
အပြင်မှာ တကယ်များ ဝမ်ရိပေါ်အသည်းကွဲခဲ့ရရင်လို့ တွေးမိပြီး စိုးရိမ်သွားတယ်
ကိုယ့်ရဲ့စိတ်ပူတာတွေ စိုးရိမ်တာတွေက ရယ်စရာများဖြစ်နေမလား မသိဘူး
ထားခဲ့ခံရတာပဲဖြစ်ဖြစ် ထားခဲ့လိုက်ရတာပဲဖြစ်ဖြစ် ၂ခုလုံးက အင်မတန်နာကျင်ရတယ် ဝမ်ငယ်ရေ..
ကိုယ်တွေ့ခံစားဖူးသွားပြီမို့ သည်းငယ်ကို ဘာအကြောင်းကြောင့်မှ နင့်နင့်သီးသီး မငိုစေချင်ဘူး !!
ယူချစ်တဲ့သူဆီက အများကြီးအချစ်ခံရပြီး ယူကလည်း သူ့အပေါ်အများကြီးချစ်ပေးနိုင်စေဖို့ ကိုယ်ဆုတောင်းပေးနေမယ် ဝမ်ရိပေါ်ရေ..
ဒီfangirlရဲ့မေတ္တာတွေကြောင့် ယူ့ဘဝလေး အေးချမ်းပါစေ
YOU ARE READING
Open Letters of a Fangirl
FanfictionOpen letters for him #wangyibo သတိရတိုင်း ရေးမဲ့ သူမဖတ်မိနိုင်သော်ငြားလည်း သူ့ဆီသို့တိုင်တည်ရေးမိသော အိတ်ဖွင့်ပေးစာများ A/N: photo credit given to all owners and original uploaders. Also, special thanks for all these cute photos.