Open Letter 6

4 1 0
                                    

ဝမ်ရိပေါ်ရေ...
ပြောပြရဦးမယ်။
ဒီရက်ပိုင်း တရုတ်ပြည်မှာ Xinjiang Cotton Controversyဆိုပြီး နာမည်ကြီးနေပါရောလား။
ယူနဲ့ Nikeနဲ့ contract terminationလည်း မြင်မိတယ်။
ယူတို့ကြီးပြင်းလာရတဲ့ပုံစံအရရော တိုင်းပြည်အရရော အကြောင်းကြောင်းကြောင့် ယူ ဒီလိုဆုံးဖြတ်တယ်လို့ပဲ ကိုယ်တွေးမိတယ်။
ကိုယ်ကြိုးစားပြီး လိုက်ရှာဖတ်ကြည့်လိုက်သေးတယ်။ ယူရှိနေတဲ့တိုင်းပြည်ရဲ့လက်ရှိအငြင်းပွားနေရတဲ့ကိစ္စမို့ရော ယူ့ကိုပိုနားလည်ချင်တာကြောင့်မို့ရောပေါ့။ ဝေဖန်ရလောက်အောင် ကိုယ်ဘာမှမသိ နားမလည်တာကိုတော့ ဝန်ခံရမယ်။
ဝမ်ငယ်ရေ... သိလား
လူတွေက တရုတ်ဆို မုန်းလာကြပြီ တရုတ်ဆို နှာခေါင်းရှုံရုံမက ဆဲချင်နေကြတဲ့အချိန်ပေါ့.. ယူတို့အစိုးရက စိတ်ပုတ်တယ်လေ
တရုတ်ကြီးမကောင်းကြောင်း တရုတ်လေးကို တိုင်သလိုဖြစ်နေပါရော့လား ကိုယ့်အဖြစ်က 😅...
ကိုယ်ကတော့ တရုတ်ကြီးကို သောက်မြင်ကပ်ရင်း တရုတ်လေး ယူ့ကို ဆက်ချစ်နေသေးတာမျိုး...

Open Letters of a FangirlWhere stories live. Discover now