Unicode~~
ရုတ်တရက် အနမ်းခံလိုက်ရတဲ့ ပါးက နီရဲကာ ပူထူလာလေတော့ ရှောင်းကျန့် သတိတစ်ချက်လွတ်ကာ ရိပေါ်ရင်ဘတ်ကို သူ့တံတောင်နဲ့ ဆောင့်လိုက်သည်။ရိပေါ်က သူ့အသားနာသွား၍ထင် သူ့ပေါင်ပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ကို မြက်ခင်းပေါ် တွန်းချရင်း အုပ်မိုးလိုက်သည်။
မြက်ခင်းပြင်မှ ရေစက်တို့ကြောင့် စိုစွတ်သွားသောကျောပြင်နဲ့အတူ နွေးထွေးသော အရာတစ်ခုက နှခမ်းပါးကို ထိကပ်လာသည်။တဖြည်းဖြည်း ပူနွေးစိုစွတ်လာသော နှခမ်းနှစ်ခုအကြားဝယ် ရိပေါ်ရဲ့ လျှာလေးက ရှောင်းကျန့်ရဲ့ နှခမ်းနှစ်လွှာကို ထိုးဖောက်ရန် အချိန်ကောင်းကို စောင့်နေသည်။
*ဒီခန္ဓာကိုယ်ပိုင်ရှင်က သူ့အမကို သတ်ထားတယ်လို့ ဝမ်ရိပေါ်က ထင်နေတာမဟုတ်ဘူးလား။သူ့ကို မမုန်းဘဲ ချစ်နေရသတဲ့လား ရိပေါ်ရဲ့။ပြီး.....ပြီးတော့ မင်းချစ်တာက အရင်ရှောင်းကျန့်ကိုလား။ငါ့..ငါ့..ကိုလား*
ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့ အတွေးတွေထဲ မျက်စိလည်လမ်းမှားနေရင်းမှ
"အွန့်!!!"
အကိုက်ခံလိုက်ရသော အောက်နှခမ်းမှ ငံကျိကျိသွေးအရသာ။ထို့နောက် တိုးဝင်လာသော ရိပေါ်ရဲ့ လျှာက ရှောင်းကျန့်ရဲ့ ခံတွင်းတစ်ခုလုံးကို မွှေနှောက်နေသည်။ရှောင်းကျန့် နေရခက်လာကာ ရိပေါ်ရဲ့ ရင်ဘတ်ကို အားကုန် ထုရိုက်မိသည်။လျှာကို ရစ်ပတ်လိုက် ဆွဲစုပ်လိုက်လုပ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့ ထုရိုက်နေတဲ့ လက်နှစ်ဖက်က ပြေလျော့သွားသည်။ပြေလျော့သွားသော လက်နှစ်ဖက်ကြောင့် ရိပေါ် အနမ်းတွေပေးရင်းမှ ပြုံးလိုက်သည်။သူ့ယုန်လေးက အလိုက်သင့် တုန့်ပြန်ခြင်းတော့ မရှိပေမယ့် မရိုက်နိုင်တော့ဘူးလေ။
~~~Be My Zhan~~~
*ဒေါသထွက်လိုက်တာ ဒီကောင်မို့ ငါ့နှခမ်းကို နမ်းရဲတယ်*
စိတ်တိုနေရင်းမှ အလုံးအရင်းနဲ့ ဦးနှောက်ထဲဝင်လာသော မှတ်ဉာဏ်အပိုင်းအစတစ်ခုကြောင့် ရှောင်းကျန့် မျက်ခုံးနှစ်ခုကြားက နေရာလွတ်ကို လက်နဲ့ ဖိထားမိသည်။
YOU ARE READING
Be My Zhan
Fanfiction𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ ကိုယ့်ရဲ့ နှလုံးသားတစ်ခုလုံးကို အပိုင်သိမ်းယူပြီး တစ်ဦးတည်းသော ဧကရာဇ်လေးအဖြစ် နေပေးနိုင်မလား... Start_27.11.2020 End_?