Part_20

792 49 2
                                    

Unicode~

ဘဝမှာလေ ဒီလောက်ပျင်းစရာကောင်းတဲ့ နေရာကြီးမှာ အသက်ရှင်နေရလိမ့်မယ်လို့ ရှောင်းကျန့်တစ်ခါမှ မတွေးခဲ့မိဘူး။

ဇာတ်လမ်းတွဲတွေထဲက ဘုရင့်မိဘုရားတွေ တစ်နေ့တစ်နေ့ဘာတွေများ လုပ်ပြီး ဖြတ်သန်းကြတာလဲမသိ။ရှောင်းကျန့်က ယောကျ်ားတစ်ယောက်မလို့ ထင်ပါတယ်။သိပ်တော့ စည်းကမ်းမတင်းကြပ်ကြဘူး။မနက်ဆို မြှားပစ်တယ်။ဓားရေးလေ့ကျင့်တယ်။နေ့လည်ဆို ငြိမ်ငြိမ်လေးထိုင်ပြီး ပန်းချီလေးဘာလေးဆွဲတယ်။ညနေဆို နန်းတော်ကြီးထဲ ဟိုနားဒီနားပတ်လျှောက်၊ညဆို ဝမ်ရိပေါ်နဲ့ ဘုနဲ့ဘောက်ပြောပြီးရန်ဖြစ်။ဒီလိုနေလာတာ တစ်လလောက်ရှိပြီမလို့ ရှောင်းကျန့် အရမ်းအရမ်းကို ပျင်းနေပြီ။

သစ်ပင်ရိပ်အောက်မှာ ခြေလေးချောင်းထောက်ခုံလေးပေါ်ထိုင်ရင်း အတွေးတွေက တောင်ရောက်မြောက်ရောက်ပင်။

"ဟင်!"

ပန်းချီကို အတွေးတွေလို တောင်ခြစ်မြောက်ခြစ်ဆွဲနေတုန်း မိမိလက်မောင်းနှစ်ဖက်ကို နောက်ကနေ ဆုပ်ယူကာ ကိုင်လာတဲ့ လက်နှစ်ဖက်ကြောင့် ရှောင်းကျန့်လန့်ဖြန့်ကာ ထရပ်မိသည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ထိုင်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်ကာ ခုနက ကိုင်ထားတဲ့ လက်မောင်းတွေအစား ခါးသေးသေးလေးကို သူ့ရဲ့လက်ဖဝါးအကြီးကြီးတွေနဲ့ လှမ်းကိုင်ကာ ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။
သို့ပေမယ့် ရှောင်းကျန့်က ကျောက်ရုပ်လို ရပ်နေလေတော့ ဝမ်ရိပေါ် အားနည်းနည်းထုတ်သုံးပြီးမှ ထိုင်ခိုင်းလို့ရသည်။

ပြီးမှ လက်တစ်ဖက်က ခါးကို ကိုင်၊နောက်လက်တစ်ဖက်က ရှောင်းကျန့်ကိုယ်လုံးလေးကို လှုပ်မရအောင် သိမ်းကျုံးဖက်ထားပစ်လိုက်သည်။

"ဘယ်လိုဖြစ်နေတာလဲ"

သူ့ရင်ခွင်ထဲ တုပ်တုပ်တောင် မလှုပ်နိုင်တဲ့ ရှောင်းကျန့်က အသံတော့ ထွက်နိုင်ပါသေးတယ်။ဒီအသံလေးတွေကိုရော ဘယ်လို ပိတ်ပေးရင် ကောင်းမလဲ။

"လူမြင်ကွင်းကြီးကို..မဖက်စမ်းပါနဲ့"

"သူတို့မကြည့်ရဲပါဘူး...ကိုယ်ဟိုနောက်လှည့်ခိုင်းထားတယ်"

You've reached the end of published parts.

⏰ Last updated: Apr 26, 2023 ⏰

Add this story to your Library to get notified about new parts!

Be My ZhanWhere stories live. Discover now