2.4

5K 330 24
                                    

Unicode

ရိပေါ်တစ်ယောက် ခေါင်းမီးတောက်လောက်အောင်ပင်ဖုန်းရှာနေသည် ဘယ်လောက်ရှာရှာမတွေ့ဘူး

"ဟူးး ဘာမှတော့မဖြစ်လောက်ပါဘူး ဒီတိုင်းလေးနေရာထားမှားတာဖြစ်မှာပါ ပျောက်တော့မပျောက်လောက်ပါဘူး "

ရိပေါ်လည်း သူ့ကိုယ်သူ အားပေးစကားပြောလိုက်တယ်

နောက်နေ့

ရိပေါ် လုံးဝလုံးဝကို ဖုန်းရှာမတွေ့တာကြောင့် ဖုန်းအသစ်တစ်လုံးသာဝယ်လိုက်တယ်

ရိပေါ်လည်း စားမေးပွဲဖြေရမှာမို့အမြန်ပင်လာခဲ့တော့သည် ကျောင်းရောက်တော့ ဇီယီက စကားပြောချင်လို့ဆိုပြီး ကျောင်းနောက်က ရေကန်ကိုချိန်းတယ်

"ဇီယီ "

"ကို ချစ်တို့လမ်းခွဲရအောင် "

"အင်း "

"ငါ ဖြစ်ခဲ့သမျှအားလုံးကိုတောင်းပန်ပါတယ် ငါ‌ ရှောင်ကျန့်ကို အထင်လွှဲပြီး လုပ်ခဲ့မိတာပါ ငါအားလုံးကိုတောင်းပန်ပါတယ် ငါရှောင်ကျန့်ကိုလည်း တောင်းပန် ရအုံးမယ် သွားလိုက်အုံးမယ်"

ရိပေါ် ဘာမှတောင်မပြောနိုင်ခဲ့ အဲ့တာဆို အရင်တုန်းက ရှောင်ကျန့်ကို စော်ကား ခဲ့တာတွေက ရော ဟာ သွားပြီ ငါသွားပြီ ဟူးး ရှောင်ကျန့်ကိုရော ဘယ်လိုရှင်းပြရတော့မှာလည်း

ရိပေါ် ရော ရှောင်ကျန့်ရော ဘာမှမဟုတ်ပဲ စာမေးပွဲ ရက်ကြီးကုန်ဆုံးသွားတယ်

စာမေးပွဲ ဒုတိယနေ့

‌ရှောင်ကျန့် လည်း ကျောင်းကိုစောရောက်အောင်မြန်မြန်လာတယ် ကျောင်းကိုစောရောက်ရင် စာကြည့်ဖို့လားဆိုတော့လည်းမဟုတ် ရှောင်ကျန့်က ဖြေခါနီး ကျောင်းရောက်ရင် စာလုံးဝမကြည့်တော့ဘူး အိပ်ချင်ရင် အိပ်တယ် မအိပ်ချင်သေးရင် ဖုန်းကြည့်တတ်တယ်

ရှောင်ကျန့် ကျောင်းကိုလည်း ရောက်ရော ဘေးနားကနေကပ်ပါလာတဲ့ကောင် က ဝမ်ရိပေါ်

"ရှောင်ကျန့် ဟဲဟဲ "

"ငါမင်းကို မသိဘူး "

"ဟုတ်လား ထားပါလေ ငါကပဲစပြီး မိတ်ဆက်ပေးရမှာပေါ့ "

CRUSH [COMPLETE]Where stories live. Discover now