6.

1.6K 150 1
                                    

ထမင်းစားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး
ငြိမ်သက်နေကြတယ် အပ်ကျသံပင်ကြားရလောင်အောင် ​တိတ်ဆိတ်နေကြခြင်းက ရှက်နေတာပဲဖြစ်ရမယ် .

Yibo's POV

**အား...ဒါဘယ်လိုအခြေအနေကြီးလဲ
တကယ်ပါပဲ... ရင်တွေလဲတုန်နေတယ်
ငါ..ငါ နှလုံးရောဂါများရတော့မို့လား
ခုနက ​ရှောင်းကျန့်အပေါ်မှာအကြာကြီးနေခဲ့မိလို့
လူက အိုက်စပ်စပ်ပူလောင်လောင်ဖြစ်နေသလိုပဲ
ဘာလို့ချက်ချင်းကုန်းမထမိတာပါလိမ့်နော်..
​ရှောင်းကျန့်ကဘာလို့ အရမ်းချောရတာလဲ
သူ့ရဲ့မျက်ဝန်းညိုတွေက အကြည့်မလွှဲနိုင်အောင် ဖမ်းစားလွန်းတယ်.
ပြီး..ပြီးတော့ သူ့နှူတ်ခမ်းအောက်က မှဲ့နက်ကလေး...အဲ့မှဲ့ကရော
ဘာလို့ အဲ့နားမှာပေါက်နေရတာလဲ.. ထိကြည့်ချင်လိုက်တာ ~~
ခုနထဲက ထိကြည့်လိုက်ရမှာကွာ.. **

အတွေးတွေနဲ့အတူ ရိပေါ်ရဲ့ အကြည့်ကြည်ကြည်လေးတွေက ​ရှောင်းကျန့် နှုတ်ခမ်းပါးနားမှာ တဝဲလည်လည်...

အခုရှောင်းကျန့်မျက်နှာကြီးက မျောက်အုန်းသီးရထားသလို ပြုံးစိစိဖြစ်နေတာ အသေချာ..
သူ့ယောကျ်ားလေးရှက်နေတာ သူသေချာသိတယ်. သူ့ရဲ့မျက်နှာကိုကြည့်ပြီး အတွေးလွန်နေတဲ့
ကောင်လေးက ​အရှေ့က ငါးခူအပြုံးကြီးနဲ့လူကို သတိမထားမိသေးရှာဘူး ~

"ခင်..ခင်ဗျား ~ဘာလို့ကြည့်နေတာလဲ "
_အမ်!  တချိန်လုံး ကြည့်နေတာက ရိပေါ်ဖြစ်ပြီး ​ရှောင်းကျန့်မျက်ဝန်းနဲ့ အကြည့်ချင်းလဲ ဆုံရော..
ရှက်ရမ်း ရမ်းပြီး ​ရှောင်းကျန့်ကို ပိတ်ဟောက်ပစ်လိုက်ရော...

"အော်..အင်း အင်းပါ ကိုယ်မကြည့်တော့ဘူးနော်. မနက်စာ စားရအောင် အဟမ်း! "
_ပြုံးစိစိနဲ့ရုပ်ကြီးကို ရိပေါ်က အရမ်းတွေ
ဆွဲကုတ်ချင်လာပြီဖြစ်တယ်...

...........................................

"ဝမ်လေး ကိုယ်ပြောစရာရှိလို့ !"
"ပြောလေ "
_ဖုန်းကလဲ အကြည့်မပျက်သလို ပါးစပ်ကလဲ အာလူးကြော်အဝါးမပျက်
ဒီ အစားပုတ်လေးကတော့နော်!
"ချုံချင်းက ကိုယ့်အသိညီမလေးတစ်ယောက် ဒီမှာလာနေချင်လို့တဲ့.. အဲ့ဒါရိပေါ်သဘောလေးမေးကြည့်တာ "
"သူက ဘာလုပ်ဖို့လဲ "
"သူက ဒီမှာ hairstylist သင်တန်းတက်မလို့တဲ့လေ တခြားအပြင်မှာ အဆောင်ငှားနေဖို့ကိုကျ သူ့မိဘတွေက
စိတ်မချဘူး"
"အဲ့တော့ ယောကျာ်းလေးနှစ်ယောက်နေတဲ့ အိမ်မှာကျ စိတ်ချတယ်ပေါ့ "
_ဖုန်းကြည့်နေရင်းမှ မျက်လုံးကို လှန်​ကြည့် ပြီး ပြောလာတဲ့ ဝမ်လေး
"အင်းးးးနော် "
"ထားပါ သူ့အကိုရှောင်ကျန့်ကို ယုံလိုနေမှာပေါ့ လာနေပါစေလေ "
_ပြောပြီး ငေါက်ကနဲ ထထွက်သွားတဲ့သူလေးက ဘာလေးလားပဲ
​ရှောင်းကျန့်နဲ့ နီးနီးကပ်ကပ်ကို မရှိချင်လား
ဟွင့်! !

Love On You 💚 {Completed}Where stories live. Discover now