CLOSE

1.8K 208 27
                                    

zawgyi ver :

ဂျုံကုက ထယ်ယောင့်လက်ကို ဆုပ်ကိုင်ရင်းအရှေ့ကနေဦးဆောင်ပြီးပြေးသည်..ထယ်ယောင်ကတော့ ဂျုံကုခြေလှမ်းတွေနောက်ကိုအပြေးလေးအမီလိုက်လို့ပေါ့..ဂျုံကုက သူတို့လက်ကအမှတ်အသားတွေကိုလဲ ဖျက်ပစ်လိုက်သည် ။

" လမ်းမှားပြီ "

နေရာကျဉ်းလေးရောက်မှ Zombie တွေ အုပ်စုလိုက်ကြီးနဲ့ တွေ့သည် ။

" မတတ်နိုင်တော့ဘူးထင်တယ် ထိုက်တိုက်ရင်ဆိုင်ရတော့မယ် "

ထယ်ယောင်က ဂျုံကုလက်မောင်းလေးကိုင်ပြီး စိုးရိမ်တကြီးပြောသည် ။

" စိတ်ပူစရာမလိုပါဘူး ယုံတယ်မလား "

သူ့ကိုယ်သူ ယုံကြည်မှုရှိရှိပြောနေတဲ့ဂျုံကုက ချစ်သူရှေ့မှာအထင်ကြီးအောင် လုပ်ပြတော့မဲ့ကောင်လေးတစ်ယောက်လို ။

သူက သူပြောတဲ့အတိုင်း Zombie တွေကို ရှင်းထုတ်လိုက်သည် ။

ထယ်ယောင်က အံသြသွားပြီး လက်ခုပ်လေးတီးပြီးအားပေး၏ ။

Zombie တွေကို ရှင်းထုတ်ပြီးသွားတော့ သူတို့တွေက ရှေ့ဆက်သွားကြသည်..ထိုအချိန် လက်နတ်အင်အားအပြည့်အစုံနဲ့ ဝင်ရောက်လာတဲ့ အစောင့်တွေ..ဂျုံကုက ထယ်ယောင်ကို သူ့နောက်ဘက်ကို တွန်းပို့လိုက်သည် ။

[ Don't let them escape!/သူ့တို့ကိုမလွတ်စေနဲ့ဟေ့! ]

ခေါင်းဆောင်ဖြစ်သူက သူ့နောက်ကသူတွေကိုလှမ်းပြောလိုက်သည် ။

[ But they already did/ဒါပေမဲ့ သူတို့တွေက အစကတည်းက လွတ်မြောက်သွားကြပြီလေ ]

ပင်လယ်ပြာရောင်အလင်းတွေက ဂျုံကုအလိုရှိတဲ့အတိုင်း လက်မှာစုစည်းလာကြသည်..ထိုအလင်းတွေကို အစောင့်တွေဆီပစ်လွှတ်လိုက်တော့ အစောင့်အချို့လွှင့်စင်ကုန်ကြ၏ ။

ထယ်ယောင်ကတော့ ဂျုံကုနောက်မှာကွယ်နေပြီး ဂျုံကုလုပ်သမျှကို ငြိမ်ငြိမ်လေးကြည့်နေသည် ။

လွှင့်စင်သွားတဲ့အစောင့်တွေနေရာမှာ တခြားအစောင့်တွေ အစားထိုးနေရာယူလိုက်ကြပြီး ကွက်လပ်ကိုပြန်ဖြည့်လိုက်ကြသည် ။

𝐀-𝟎𝟎𝟎𝟏 ❙ 𝐊𝐎𝐎𝐊𝐕 - ✔Where stories live. Discover now