03

1.7K 316 13
                                    

zawgyi ver :

"မြန်မြန်သွားစမ်း!"

တတ်နိုင်သမျှ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းနေပေမဲ့ ကန့်လန့်စကားပြောပြီး ဆောင့်တွန်းလိုက်တာကြောင့် Taehyung စိတ်တိုသွားမိသည်လားမသိ ။ သေချာတာကတော့ ဒီလူတွေကို Taehyung သဘောမကျလှ ။ လူကို အမိန့်သုံးလွန်းသည် ။

"သွားနေပါတယ်~ အဲ့တာကြောင့် ခင်ဗျားရဲ့လက်ပေကြီးတွေနဲ့ ကျွန်တော့်ကိုလာမကိုင်ပါနဲ့"

Taehyung မျက်နှာကိုရှုံ့မဲ့ပြီးပြောတော့ လက်ပြန်ရိုက်ခံလိုက်ရသည် ။

တန်ပါတယ် ။ ပြောချင်တာတော့ ပြောလိုက်ရသေးတယ်မဟုတ်လား ။

မှိတ်ဖြတ်ဖြတ်ဖြစ်နေတဲ့ ခေါင်မိုးပေါ်က အလင်းတန်းတွေကို မော့ကြည့်မိတော့ တစ်ခါကမြင်ဖူးသလို ။ နောက်ပြီး ဒီ Hall way အရှည်ကြီးကိုလဲ ဖြတ်ဖူးသလို ။

ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မှတ်ဉာဏ်တွေကို စုစည်းကြည့်တော့ ... ဟုတ်နေခဲ့တာဘဲ ။ ဒါ အရင်တစ်ခေါက်က သူတို့တွေ မဝင်ဖြစ်တဲ့ Hall ကြီးဆီသွားတဲ့ လမ်းကြီး ။

ဘာရယ်မဟုတ် Taehyung စိတ်ထဲ ကြောက်လာသလို ခံစားလိုက်ရပြီး ကြက်သီးတွေပါ ထလာခဲ့သည် ။ Hall ကြီးထဲမှာ ဘယ်လိုအရာတွေက စောင့်ကြိုနေမှာလဲ ။ ဘာတွေရှိနေလို့ .. ဘာအတွက်ကြောင့်မို့ သူတို့ကို အဲ့ဆီကို ခေါ်သွားနေတာလဲ ။

ဒီလိုတွေတွေးမိတော့ ခြေလှမ်းတွေက အားလျော့သွားသည် ။ တခြားသူတွေလဲ သူ့လိုဘဲတွေးနေတာလားမသိ ။ သုံးလေးယောက်လောက်က အပေါက်ဝကနေ အလန့်တကြားပြန်လှည့်ပြေးနေပြီ ။

သို့ပေမဲ့ ဝေးဝေးမရောက်လိုက် ။ Guard တွေလက်ထဲမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ပြန်ပါသွားခဲ့သည် ။

Hall ကြီးကတော့ ဆူညံလို့ပေါ့ ။

Taehyung ရဲ့ ခြေလှမ်းတွေ ဘယ်လောက်စိတ်သွားမှန်းမသိ အနောက်ကလူကသူ့ကို လာတိုက်မှ သိပ်နောက်ကျနေပြီမှန်းသိရတော့သည် ။ ခုနက သူ့ကို ပုခုံးတွန်းတဲ့ Guard ကတော့ မကျေသလိုကြည့်ပြီး ခပ်ဝေးဝေးကို ထွက်သွားပြီ ။ Transoarent sheild တွေကာထားလို့ သိပ်မမြင်ရပေမဲ့ အကြည့်ထဲမှာလဲ ကံကောင်းပါစေလို့ပြောသွားတာကို ခံစားမိနေပြီ ။

𝐀-𝟎𝟎𝟎𝟏 ❙ 𝐊𝐎𝐎𝐊𝐕 - ✔Hikayelerin yaşadığı yer. Şimdi keşfedin