"ဘယ်လိုလုပ်ရမလဲ!! ဘယ်လိုလုပ်ရင်ကောင်းမလဲ!!တကယ်လို့ ဒီစေ့စပ်ပွဲသာ အတည်ဖြစ်ရင် ကိုယ်ကျိုးတော့နည်းပါပြီ!! "
အခန်းထဲ နေရာအနှံ့လျှောက်သွားနေရုံသာမက ပါးစပ်ကလည်း လုံးဝမရပ်မနား တတွတ်တွတ်ပြောရင်း Yooတစ်ယောက်ခေါင်းရှုပ်နေရသည်။
ဟိုနေ့ကKaiပြောတဲ့ စေ့စပ်ပွဲဆိုတာကြီးက သူမနဲ့ပတ်သတ်နေပြီဖြစ်သည်။ချိန်းတွေ့ပေးပြန်တော့လည်း တွေ့စရာလူရှားလို့ ဘာလို့Kai ဖြစ်နေရတာလဲ...
ဟူးးးး လေပူတစ်ချက်မှုတ်ထုတ်ရင်း အကြံပေါင်းစုံတွေးတောနေရသည်။
၁၅မိနစ်လောက်စဥ်းစားပြီးနောက် နောက်ဆုံးတော့သူမအကြံတစ်ခုရခဲ့ပြီဖြစ်သည်။
"Kyugsooရေ နင်မှမကယ်ရင် ငါ့ဘဝကြီးက တကယ်ရေစုန်မျောတော့မှာမို့ ကယ်မှဖြစ်မယ်"
မမြင်ရတဲ့ Kyungsooကို တိုင်တည်ရင်း သူမရဲ့အကြံကို နောက်တစ်နေ့တွင် အကောင်ထည်ဖော်တော့မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
Cloud Cafeဆိုင်ရဲ့ ဒုတိယအထပ်မှာရှိတဲ့မှန်လုံအိမ်ထဲတွင် Kaiတစ်ယောက်တည်း အတွေးထဲနစ်မြောနေတော့သည်။
မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းမထူမပါးလေးတွေက သူရဲ့စိတ်အလုံးစုံကို အေးချမ်းစေနိုင်ပြီး ပျော်ရွှင်မှုကိုဆောင်ကျဥ်းပေးရုံသာမက နွေးထွေးမှုကိုပါ ခံစားနိုင်သည်။
မှန်သားပြင်မှာ ထင်ဟတ်နေတဲ့ ပြုံးနေသောကိုယ့်မျက်နှာကိုကြည့်ပြီး အံ့သြနေမိသည်။ အခုလိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့ပုံစံကို ကိုယ်တိုင်တောင် အခုမှမြင်ဖူးနေခြင်းကြောင့်ဖြစ်သည်။
"တကယ်ကို ပြုစားနိုင်တဲ့သူပဲ!! "
တိုးတိုးလေးရေရွတ်ရင်း မှန်လုံခန်းထဲကနေ ရှင်းလင်းစွာ မြင်နေရတဲ့ ကြယ်တွေစုံကာလှပနေသောကောင်းကင်ကျယ်ကြီးရဲ့အလှကို သူခံစားနေရင်း တစ်စုံတစ်ယောက်ကို သတိရမိသွားသည်။
ည၁၀နာရီထိုးနေပြီဆိုပေမဲ့လည်း တစ်ယောက်သောသူကတော့ အလုပ်များပြီး မအိပ်ပဲနေမှာကို ကြိုမြင်ယောင်ရင်း video call ခေါ်လိုက်မိသည်။