Second Day (Unicode)

141 28 4
                                    

"Love missionအတွက် ကျွန်တော့်ကိုခင်ဗျားရဲ့ ရည်းစားအဖြစ် နေခွင့်ပေးရမယ်"

"ဟမ်!! ငါက မင်းကို "

အံသြတကြီးနဲ့မေးလာတဲ့ အရှေ့က PDပေါက်စကိုကြည့်ပြီး Kaiသဘောတကျဖြစ်နေမိသည်။ကိုယ့်ထက် အသက်ကြီးတယ်ဆိုပေမဲ့လည်း ခန္တာကိုယ်အချိုးအစားအရ သေးကွေးနေတာကြောင့် ပေါက်စလို့သာ သူခေါ်ချင်နေမိသည်။

"ဘာလို့လဲ!!! give & takeလို့ပြောထားတယ်လေ"

"အိုကေ!!! ငါ့ဘက်ကသဘောတူတယ်ဆိုရင် မင်းဆီကဘာပြန်ရမှာလဲ"

PDပေါက်စရဲ့ ပြန်လည်ပြောဆိုမှုစကားအရတော့ give &takeကိုလက်ခံလိုက်မှန်း သူသိလိုက်ရသည်။

"ကြိုပြောရင် ဘယ်ရင်ခုန်စရာကောင်းတော့မလဲ"

"ဒါပေမဲ့ programအတွက်တော့ ငါသိသင့်တာတွေ သိထားရမယ်လေ"

"ကော်ဖီလေးမြည်းကြည့်ပါဦး ခင်ဗျားကြိုက်မယ်လို့ ကျွန်တော်ထင်တယ်"

ကော်ဖီခွက်ကို ရှေ့တိုးပေးလိုက်တော့ မငြီးမငြူးပဲ အရသာခံသောက်နေတဲ့ PDပေါက်စလေးက သူ့အတွက်တော့တစ်မျိုးလေးအမြင်ဆန်းပြီး ကြည့်လို့ကောင်းနေသည်။

"အင်း!! ကော်ဖီဆိုအခါးသိပ်မကြိုက်တဲ့ ငါ့အတွက်တော့ အဆင်ပြေပါတယ် ငါအရမ်းသဘောကျတယ်"

"What!!! ကျွန်တော့်ကိုလား"

အံ့သြတကြီးနဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြနေတဲ့ ကောင်လေးကိုကြည့်ပြီး kyungsooအပြုံးယေးယေးလေးပြုံးမိသွားသည်။ဒီတစ်ရက်တည်းနဲ့တင် အရှေ့ကကောင်လေးကြောင့်ပြုံးမိတာ နှစ်ခါရှိသွားပြီ။

"ငါက ကော်ဖီကိုပြောတာပါ"

"ကျွန်တော်ကလည်း ဘာပြောလို့လဲ ကျွန်တော်ဖျော်ပေးတဲ့ကော်ဖီကိုပဲ​ပြောတာလေ"

"Kai!!! မမခေါ်နေတယ်"

အဝေးကနေ လှမ်းအော်တဲ့ Yooကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်။ကြည့်ရတာ သူ့ရဲ့ချစ်လှစွာသော မမရောက်နေပြီနဲ့တူတယ်

"မနက်ဖန်ကြ ခင်ဗျား ကျွန်တော့်ဆီလာခဲ့လေ စောင့်နေပါ့မယ် ပြီးတော့ ရင်ခုန်စရာတွေအတွက် ကြိုတင်မျှော်လင့်ထားလိုက်ပါ see you..."

7 Days love MissionWhere stories live. Discover now