☁☁ CLOUD 1☁☁

1.2K 120 4
                                    

Unicode❤

ကျွန်တော်အချစ်ကို စသိတဲ့အချိန်ပေါ့...။

ဆင်​ခြေဖုံးရပ်ကွက်လေးတစ်ခုရဲ့ စျေးတန်းလေးထဲမှာ ကျွန်တော်ရယ်၊ ကျွန်တော့်အရှေ့မှာ လှလှပပခင်းကျင်းထားတဲ့ ပန်းရောင်စုံလေးတွေရယ်၊ ပျားပန်းခပ်အောင်သွားလာနေကြတဲ့ စျေးဝယ်သူတွေရယ် ပြီးတော့ ကြယ်ရောင်လို တစ်လက်လက်တောက်ပနေတဲ့ မျက်ဝန်းလှလှလေးတစ်စုံရယ်...။

အဲ့ဒီနေ့လေးကို ကျွန်တော်မှတ်မိသေးတယ်..။ မဟုတ်ဘူး...မှတ်ထားတာဆိုပိုမှန်မယ်..။ အဲ့ဒီနေ့က ပေကျင်းမှာ နှင်းတွေ တအားကိုကျနေခဲ့တာ...။

ချမ်းအေးလွန်းလို့ နှာသီးထိပ်ကလေးတွေရဲနေတဲ့ အစ်ကိုက နီတာရဲလေး..။

ပထမဆုံးစတွေ့ခဲ့ရတာဆိုပေမယ့် ကျွန်တော်ငေးကြည့်မိခဲ့တာ ဘေးပတ်ဝန်းကျင်ကိုတောင် မေ့သွားတဲ့အထိပဲ..။ ဒါက ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် လူတစ်ယောက်ကို ငေးကြည့်ဖူးခြင်း..။

အဲ့ဒီနေ့ကစလို့ အစ်ကိုဟာ ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ်..။ အထူးသဖြင့် အစ်ကိုဟာ ကျွန်တော် ငေးကြည့်ရာအရပ် ဖြစ်နေခဲ့တာ..။

"ကလင်!! ကလင်!!"

ကုတင်းခေါင်းရင်က စားပွဲပေါ်မှာတင်ထားတဲ့နှိုးစက်ကလေးက အချိန်မှန်ထမြည်တယ်..။

နေ့တစ်နေ့ရဲ့ မနက် ၄ နာရီ..။

တခြားသူတွေ အိပ်ကောင်းနေတဲ့အချိန်ဆိုပေမယ့် ဝမ်ရိပေါ်အတွက်တော့ ဟုတ်မနေခဲ့ဘူး..။ အိပ်ယာကထလို့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတော့ တစ်နေ့တာအတွက် စားဖို့ကို ချက်ပြုတ်ရတယ်..။

အကုန်လုံးလုပ်ကိုင်ပြီးတော့ ၅ နာရီထိုးဖို့ ၁၅ မိနစ်..။

မနက်စာကို အမြန်စားပြီး ရပ်ကွက်ထဲက ပန်းဆိုင်လေးဆီကို ထွက်လာခဲ့တယ်..။ ဒါက ဝမ်ရိပေါ်ရဲ့ ပထမဆုံး အချိန်ပိုင်းအလုပ်..။

စျေးထိပ်ရဲ့အဝင်အဝမှာရှိတဲ့ ပန်းဆိုင်သေးသေးလေးရဲ့ အရှေ့မှာချိတ်ထားတဲ့ ''CLOSE'' ဆိုတဲ့ ဆိုင်းဘုတ်လေးကို ပြောင်းပြန်လှန်လိုက်တယ်..။ ''OPEN"...ဆိုင်စဖွင့်ပြီ..။

🇨 🇱 🇴 🇺 🇩  (Complete)Место, где живут истории. Откройте их для себя