☁☁CLOUD 4 (final)☁☁

1K 124 10
                                    

❤ Unicode

အချိန်ကား ည ၇ နာရီ..။ ရုံးအသီးသီးက အလုပ်ဆင်းချိန်မို့ ရိပေါ်အချိန်ပိုင်းလုပ်နေတဲ့ bakery ဆိုင်လေးမှာ လူအပြည့်..။ ဆိုင်လေးရဲ့ ထောင့်ကျကျစားပွဲဝိုင်းလေးမှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့ ကောင်လေးတစ်ယောက် ရှိလို့နေတယ်..။

"အစ်ကို မှာထားတဲ့ ကော်ဖီရပါပြီ''

"အင်း ချာတိတ် ကျေးဇူး ''

"ရပါတယ် အစ်ကို ''

စားပွဲပေါ်မှာ ကော်ဖီခွက်လေးချပြီးပြန်ထွက်သွားတဲ့ ချာတိတ်ရဲ့နောက်ကျောလေးကို ရှောင်းကျန့်ကတမေ့တမောငေးရတယ်။ တစ်ချိန်ကျရင် ဒီနောက်ကျောလေးကို ထွေးဖက်ခွင့်ရဖို့ ရှောင်းကျန့်ကကြိုးစားရဦးမယ်။ အခုတော့ ချာတိတ်ကိုယ်တိုင်ဖျော်ပေးတဲ့ ေကာ်ဖီလေးကိုသောက်ရင်း၊ laptop ကိုရှေ့ချလို့ အလုပ်ရှုပ်ချင်ဟန်ဆောင်ရင်း၊ လှုပ်ရှားနေတဲ့ ချာတိတ်ရဲ့အပြုအမူလေးတွေကို ခိုးငေးရင်း ကျေနပ်ရပေဦးမယ်။

တစ်နေ့ကျရင်တော့ မင်းလုပ်သမျှအရာအားလုံး တစ်ထောင့်တစ်နေရာကနေ အမြဲစောင့်ကြည့်နေတဲ့သူဟာ ကိုယ်ပါလို့ အသိပေးပါဦးမယ် ။

ဒီနေ့လည်း ထုံးစံအတိုင်း အစ်ကိုက ကျွန်တော်အလုပ်လုပ်နေတဲ့ bakery ဆိုင်လေးကိုရောက်လာပြန်တယ်။ အစ်ကိုရဲ့ကုမ္ပဏီနဲ့ ဆန့်ကျင်ဘက်မှာရှိနေတဲ့ ဒီဆိုင်လေးကို တကုတကကော်ဖီလာသောက်တဲ့အစ်ကိုကို့ကို ကျွန်တော့်ဆီလာတာပါလို့ တစ်ဖက်သပ်ဆွဲတွေးလို့ရမလား..။

ဒီလိုတစ်ဖက်သပ်အတွေးလေးတွေက ကျွန်တော့်ကို ခဏတာပျော်ရွှင်စေတယ်အစ်ကို..။ ကျွန်တော့်မှာ စိတ်ကူးယဥ်ခွင့်လေးတော့ ရှိတယ်မဟုတ်လား..။

အစ်ကိုကပြောတယ် 'ချာတိတ်ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီကိုမှ သောက်ချင်ပါတယ်' တဲ့..။ ဘယ်ပြောကောင်းမလဲအစ်ကိုရယ်။ ဝမ်ရိပေါ်ဆိုတဲ့ဒီကောင်ကြီးက အစ်ကိုသာလိုချင်ရင် ကိုယ့်ကိုယ်ကိုတောင်မနှမြောဘဲ ရော့..အင့် ဆိုပြီး ပေးမယ့်ကောင်ပါဗျ..။အစ်ကို့အတွက်ဆို ကျွန်တော့်ရဲ့​ေစတနာတွေက ရေစီးကမ်းပြိုလိုက်သလိုပါပဲ..။

🇨 🇱 🇴 🇺 🇩  (Complete)Tempat cerita menjadi hidup. Temukan sekarang