Part 5

7.1K 487 8
                                    

Zawgyi

'မ ဟို​လေ နွယ်​ ဒီ​နေ့သူငယ်​ချင်း​တွေနဲ့ချိန်းထားတာရှိလို့ အပြင်​ခဏသွားမလို့'

မြတ်​နိုး ဖုန်းသုံး​နေရင်း ထို​ကောင်​မ​လေးကို​မော့ကြည့်​လိုက်​မိသည်​။Black crop topကိုမှဒူးအထက်​skirtနှင့်​တွဲဝတ်​ထားကာ အ​ပေါ်မှ Cardiganအမည်းကိုထပ်​ဝတ်​ထားပြီး All Black Outfitsနှင့်​ ထို​ကောင်​မ​လေးသည်​ မ​နေ့ကသူမကား​ပေါ်တွင်​အိပ်​​ပျော်​​နေခဲ့​သော က​လေး​ပေါက်​စနှင့်​အ​တော်​ကွာ​ပေသည်​။လည်​ပင်းတွင်​လည်း chokerနှင့်​ ထို​ကောင်​မ​လေးမှာ သူမ မျက်​လုံးထဲတွင်​ ဘဝင်​မကျ​ပေ။skirt မှာလည်း သိပ်​ကိုတိုလွန်း​ပေသည်​။ထို​ကောင်​မ​လေး၏ ​ပေါင်​ဖြူ ဖြူ​လေးကို သား​ရေတမြားမြားနှင့်​ ကြည့်​ကြမည့်​သူ​တွေကို မြတ်​နိုးမြင်​​ယောင်​မိ​သေးသည်​။

'အဲ့ skirtပြန်​လဲ မဟုတ်​ရင်​ အပြင်​မသွားနဲ့'
မြတ်​နိုး ခပ်​တည်​တည်​နှင့်​ပိတ်​​ဟောက်​လိုက်​မိသည်​။
ထို​ကောင်​မ​လေးကို ယခုလိုပုံစံနှင့်​ အပြင်​​ပေးမထွက်
နိုင်​ပါ။

'​ဟောဗျာ..မ ကလည်း နွယ်​​နောက်​ကျ​နေပြီ'

'မင်းအစ်မဖြစ်ဖြစ်​​​အ​မေဖြစ်ဖြစ် တို့​နေရာမှာဆို အခုလို​ပြောမှာဘဲ ပြီး​တော့​​အိမ်​ပြန်​​နောက်​မကျ​စေနဲ့ ဟန်​နီနွယ်​'

'​ချွေးမ က​ယောက္ခမထက်​ပိုဆိုးပါလား' နွယ်​ ထိုအမျိုးသမီး မကြား​အောင်​ တိုးတိုး​လေး​ပြောလိုက်​မိသည်​။

'​ပြောပါအုန်း မ​နေ့ကဘာကိစ္စရှိလို့မအားရတာလဲ'

နွယ်​ အပြာ​ရောင်​အရည်​​တွေကိုတစ်​ကျိုက်​ထဲ​မော့ချလိုက်​သည်​။ထို့​နောက်​သူမ စိတ်​မှာလည်းအနည်းငယ်​လန်းလာ​လေသည်​။

'ကိစ္စရှိတယ်​ဆိုရှိတယ်​​ပေါ့ နင်​တို့ကလည်း'

'နင်​ အကျင့်​​ဖောက်​လာတယ်​​လေ ပုံမှန်​ဆိုငါတို့နဲ့အတူတူ​ သွားလာ​နေကြကို နင်​ တီချယ်​​မေ ​ပြောင်းလာပြီးကတည်းက ​ဖောက်​လာတာ'

'အင်း အချစ်​ကနံပါတ်​တစ်​ဖြစ်​​နေ​တော့လည်း မတတ်​နိုင်​ဘူး ဘာဘဲဖြစ်​ဖြစ်​ အခု​တဝ​သောက်​မယ်​​ငါ့​ကောင်​​တွေ ချကွာ'

Demons Season 2(Completed)Where stories live. Discover now