Part 12

5.8K 366 7
                                    

Unicode

'အွန်း ချစ်တယ်လေ' မြတ်နိုး ထိုကောင်မလေးပါးကို ဒုတိယအကြိမ်နမ်းလိုက်မိသည်။

ထို့နောက်သူမထပြေးရန်ကြံလိုက်သော်လည်း အနောက်မှခါးကိုဖက်ကာလှမ်းဆွဲလိုက်သောကြောင့် အနောက်သို့ထိုင်လျက်ကျသွားသည်။

'မ ကနွယ့်ဆီကထွက်ပြေးဖို့ကြံနေတာလား'

'မဟုတ်ပါဘူးရှင် ဟိုလုပ်စရာလေးရှိလို့ပါ'

မြတ်နိုး ထိုကောင်မလေးမှလွဲ၍တစ်ခြားနေရာများကိုသာလိုက်ကြည့်နေမိသည်။

'နွယ်ကဒီမှာလေ ဘာလို့လျှောက်ကြည့်နေတာလဲ ဒီမှာလို့'

သူမ ထိုအမျိုးသမီးရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲယူကာ သူမတို့နှုတ်ခမ်းချင်းထိတွေ့စေသည်။စတော်ဘယ်ရီနံ့သင်းသင်းလေးနှင့် ပုံမှန်ထက်ပိုချိုသောအရသာကို နွယ်ခံစားမိလေသည်။

'မဟုတ်သေးပါဘူး တစ်ခုခုတော့လွဲနေပြီ'
နွယ် သူမအတွေးတို့မဆုံးခင်ရုတ်တရက် လှဲချခံလိုက်ရသောကြောင့် ကြောင်သွားလေသည်။

မြတ်နိုး ထိုကလေးကိုယ်ပေါ်ကိုတက်ဖိကာ လက်နှစ်ဖက်ကို လှမ်းချုပ်ထားလိုက်သည်။

'မ ဒီနေ့အပေါ်မှာနေချင်တယ် ကလေး'

နွယ် မျက်လုံးအပြူးသားနှင့် မ ကိုကြည့်နေမိသည်။ထို့နောက် သူမရှိသမျှအားနှင့်ရုန်းသော်လည်း မရပေ။

'မ နောက်နေတာမလား မ နွယ့်ကိုအဲ့လိုမစနဲ့နော် မ စိတ်မပါသေးရင် နွယ်မလုပ်တော့ဘူး လိမ္မာပါတယ် နွယ့်ရဲ့ကလေးကြီးက'

'မလိမ္မာပါဘူး မ တကယ်စိတ်ပါနေတာ'

'ဟင့်အင်းလို့'

နွယ် သူမတစ်သက် ကောင်မလေးတွေကို
စိတ်ကြိုက်ထိတွေ့ကာ အထက်ပုဂ္ဂိုလ်အဖြစ်သာနေခဲ့သည်။သူမ မည်သည့်အခါမျှ အောက်ဆင်းရမည်ဟု မတွေးမိခဲ့ဖူးပေ။

မြတ်နိုး ထိုကောင်မလေးလည်တိုင်လေးကိုနမ်းလိုက်သည်။ထိုကောင်မလေး ပါးနှစ်ဖက်မှာရဲတက်လာသည်ကို သူမ သတိထားမိလေသည်။

ဒီလိုကျတော့လည်း ထိုကလေးမမှာ သူ
မဟုတ်သည့်အတိုင်းပင်။

Demons Season 2(Completed)Where stories live. Discover now