14

947 114 17
                                    

Unicode version





သူက ရုံးခန်းရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်ပြီး အထဲမှပြန်ဖြေသံကို စောင့်နေလိုက်သည်။ ဝင်ခဲ့ပါဟု ပြန်ဖြေသံကြားလိုက်ရသောအခါမှ ရုံးခန်းထဲကိုလှမ်းဝင်လိုက်တော့ စားပွဲတွင်ထိုင်နေသော ဂျီဟိုက အပြုံးနှင့်ဆီးကြို၏။

"မင်္ဂလာပါစီအီးအို"

"လာ ဌာနမှူး ဒီမှာထိုင်"

ဂျီဟိုက သူ့ကိုထိုင်ခိုင်းပြီးနောက် သူကိုယ်တိုင်လည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ သူတို့က ဘယ်လောက်ပဲရင်းနှီးသောသူငယ်ချင်းဟုပြောပြော အလုပ်မှာတော့ ဂျီဟို့ကို တလေးတစားပဲဆက်ဆံဖြစ်ပါသည်။ ဂျီဟိုက သူတင်ပြထားသောဖိုင်ကို ရှေ့ကိုချပြပြီး ပြုံးစစနှင့်မေးလာ၏။

"ဒီတစ်ခေါက် skin project က နင့် idea ဆို။ ကိုယ်တိုင်ဝင်ထုတ်ထားတာဆိုတော့ ငါကစိတ်ဝင်စားနေတာ"

"အဲ့လိုဖြစ်သွားတယ်"

"Band ဟုတ်လား။ idea ကတော့ မဆိုးဘူး။ ဒါပေမယ့် ဘာလို့ဂစ်တာကိုင်တဲ့တစ်ယောက်က female hero ဖြစ်နေတာလဲ"

"ဟင် ဘာလို့လဲ"

"မဟုတ်ဘူးလေ ငါဆိုလိုတာက ဓားကိုင်တဲ့ Champion တွေ အများကြီးကွာ။ အဲ့ထဲကမှ ဒီ female hero အသေးလေးကိုရွေးထားလို့မေးနေတာ"

"ဟာ နင်လာစနေတာပဲ"

အခုမှ သူ့ကိုစနေကြောင်း သဘောပေါက်သွားသော မီနာက မျက်နှာနီနီနဲ့ပြန်ပြောတော့ ဂျီဟိုက တဟားဟားထရယ်နေသည်။ ကြည့်ဦး မကောင်းတဲ့သူငယ်ချင်းတွေ။ စဖို့ပဲတတ်တယ်။

"မဟုတ်ပါဘူး ငါကဂစ်တာကို Male hero ပဲကိုင်ရမယ်ဆိုတာကို ဖျောက်ပြချင်လို့ပါ။ ပြီးတော့ ဟိုဂိမ်းထဲမှာလည်း ဂစ်တာကိုင်တဲ့ဓားနဲ့ hero ထွက်ဖူးတယ်မလား။ အဲ့တာနဲ့တူသွားမှာစိုးလို့"

"တူတော့မတူပါဘူး ငါတို့က squad skin ပဲကို။ ပြီးတော့ နင့် Champion ရဲ့ဝတ်ပုံစားပုံက တော်တော်လေး realistic ဆန်တယ်။ မသိရင် အပြင်မှာရှိတဲ့အတိုင်းပဲ"

"ဟာ စီအီးအို နင်နော်"

"ခိခိခိ တို့မီနာလေးတော့ အစက ဟန်ဆောင်ချစ်သူပါဆိုပြီး လက်ထပ်လိုက်ပြီးတော့မှပဲ တအားတွေကဲနေတယ်နော်"

Tom & JerryWhere stories live. Discover now