Unicode (Zawgyi in first chapter)
တစ်ခါတုန်းက ကောင်းကင်ယံမှာ ခပ်မှိန်မှိန်လေးတောက်ပနေတဲ့အထီးကျန် ကြယ်လေးတစ်စင်းရှိသတဲ့။
တစ်နေ့မှာတော့ ကြယ်ကလေးဟာ စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း မျက်စိလည်လမ်းမှားပြီး လမင်းကြီးနဲ့သွားဆုံလေတယ်။
လမင်းကြီးက ကြယ်ကလေးကိုကြည့်ပြီး ခပ်ချိုချိုအပြုံးတစ်ခုကို ဖန်ဆင်းလို့ပေးတယ်။
ကြယ်ကလေးမှာတော့ လမင်းကြီးရဲ့ အပြုံးချိုချိုလေးကို ငေးမောလို့မဆုံးနိုင်ဖြစ်နေလေရဲ့။လမင်းကြီးက ငြိမ်ဆိတ်နေတဲ့ကြယ်ကလေးကို မေးလိုက်တယ်။
"Are you so lonely?"
လမင်းကြီးရဲ့ အမေးကိုကြားတော့ ကြယ်ကလေးဟာ မဝင့်မရဲခေါင်းငြိမ့်ပြရင်း။
"Yes..."
ကြယ်ကလေးရဲ့ အဖြေကိုအသိမှတ်ပြုသည့်ဟန် အသာပြုံးလို့ လမင်းကြီးကဆက်ပြောတယ်။
"Come with me, I'll take you to my space"
ကြယ်ကလေးဟာ ညှိုးနွမ်းနေတဲ့မျက်နှာလေးနဲ့ အားယူကာပြုံးလို့ ပြန်ပြောလေတယ်။
"But, I have no friend, I have no light, I have no beauty..."
"It's ok, I'll beautify you with my love"
လမင်းကြီးဟာ ကြယ်ကလေးရဲ့စကားမဆုံးမှီဝင်ပြောလာခြင်းဖြစ်တယ်။
"ရှောင်ဝမ်...သွားရအောင် မင်းပါးပါးစောင့်နေပြီ"
မားမား၏ခေါ်သံကြောင့် ရိပေါ်ဖတ်လက်စ ပုံပြင်စာအုပ်လေးကိုပိတ်လို့ အိတ်ထဲထည့်လွယ်ရင်း အောက်ထပ်သို့ အပြေးလေးဆင်းလာခဲ့သည်။မားမားက ရှစ်နှစ်အရွယ် ရိပေါ်လေးကိုချီလို့ ကားရှေ့မှာရပ်စောင့်နေသည့် ပါးပါးဆီလျှောက်လို့သွားလိုက်သည်။
ရိပေါ်လေးကို အနောက်ခန်းမှာထိုင်ခိုင်းရင်း ပါးနဲ့မားက အရှေ့ခန်းတွင်အတူထိုင်ကြသည်။ဝေလီဝေလင်းအချိန်လေးဖြစ်တာကြောင့် ရိပေါ်တစ်ယောက် ကြယ်တွေဆုံနေသည့် ကောင်းကင်ယံကိုသာ အသာမော့ကြည့်ရင်းလိုက်လာခဲ့သည်။ပါးနဲ့မားကတော့ အရှေ့ခန်းမှာထိုင်ရင်း မြူးကြွကြွသီချင်းတွေကို အော်ဆိုလို့ပျော်မြူးနေကြသည်ပေ။ရိပေါ်ကတော့ ကောင်းကင်ယံကို ကြည့်ရင်း မှိန်တိမ်တိမ်အထီးကျန်ကြယ်လေးကို ရှာဖွေလို့နေသည်။
YOU ARE READING
Take me to your universe